DVB Logo
Home
မြန်မာသတင်း
တောထဲတွင် ဟင်းစားရှာသည့် ခမီရွာသား ၂ ဦးတိုက်ခိုက်ခံရ၊ ၁ ဦးသေ ၁ ဦးဒဏ်ရာရ
DVB
·
February 28, 2017
တောထဲတွင် ဟင်းစားရှာသည့် ခမီရွာသား ၂ ဦးတိုက်ခိုက်ခံရ၊  ၁ ဦးသေ ၁ ဦးဒဏ်ရာရ
1 / 4
Donate to DVB

 

ရခိုင်ပြည်နယ် မောင်တောမြို့နယ်တောင်ပိုင်း လက်ဝဲဒက်ချောင်းဖျားကို သွားရောက်ပြီး ဟင်းစားရှာတဲ့ ရွာသား ၂ ဦးကို အမည်မသိလူတစုက ဓား၊ပုဆိန်လက်နက်တွေနဲ့ ဝိုင်းဝန်းတိုက်ခိုက်ခဲ့တဲ့အတွက် ၁ ဦးသေဆုံးပြီး ၁ဦး ဒဏ်ရာရှိခဲ့ပါတယ်။

ဖေဖော်ဝါရီ ၂၄ ရက်နေ့က ဘူးသီးတောင်မြို့နယ် ကျောက်စာတိုင်ကျေးရွာမှာနေထိုင်တဲ့ ဦးအောင်ကျော်စိန်နဲ့ ထွန်းသာမောင်တို့နှစ်ယောက်ဟာ မယူတောင်ကို ချောင်းအတိုင်းတက်သွားပြီး ဟင်းစားရှာဖို့သွားစဉ် ညနေပိုင်းမှာ ဓားရှည်၊ ပုဆိန်နဲ့ လက်နှိပ်ဓာတ်မီး ကိုင်ဆောင်ထားတဲ့ ဘင်္ဂလီ လူအုပ်စုနဲ့တွေ့ပြီး တိုက်ခိုက်ခံရတဲ့အတွက် ဦးအောင်ကျော်စိန်ရဲ့ နောက်ကျောမှာ ဒါးဒဏ်ရာရခဲ့ပြီး ထွက်ပြေးလာခဲ့ရာမှာ လူကွဲသွားပြီး ထွန်းသာမောင်ဟာ တောထဲမှာကျန်ခဲ့တယ်လို့ ဦးအောင်ကျော်စိန်က ပြောပါတယ်။

ဦးအောင်ကျော်စိန်က တညလုံးထွက်ပြေးလာခဲ့ပြီး နေအိမ်ကို ၂၅ ရက်နေ့မနက်ပိုင်းမှာ ပြန်ရောက်လာ တဲ့အတွက် ဖြစ်စဉ်ကို ကျောက်စာတိုင်ရဲကင်းမှာ သတင်းပို့ခဲ့ပြီး သူ့ကို ဘူးသီးတောင်ဆေးရုံကို တင်ပို့ခဲ့ရတာပါ။

ထွန်းသာမောင်ကတော့ ၂၅ ရက်နေ့ ညနေပိုင်းထိ လုံးဝပြန်ရောက်မလာတဲ့အတွက် ၂၆ ရက်နေ့မှာ ကျောက်စာတိုင်ရွာသား လေးဆယ်ခန့်စုစည်းပြီး တိုက်ခိုက်ခံရတဲ့အနားမှာ လိုက်လံရှာဖွေတဲ့အခါ ထွန်းသာမောင်ရဲ့အလောင်းကို ဒဏ်ရာတွေနဲ့ လက်ဝဲဒဏ်ချောင်းဖျားမှာတွေ့ခဲ့ရတယ်လို့ အတူ လိုက်ရှာခဲ့တဲ့ ရွာသား ဦးမောင်သန်းဝင်းက ပြောပါတယ်။

“ကျနော်တို့ရှာတော့ အဲ့ဒီနားမှာ ထူးထူးခြားခြား ကွင်းပြောင်ပြောင်လုပ်ထားတာတခုတွေ့တယ်။ ဝါးကွပ်ပျစ်တစ်ခုတွေ့တယ်။ လူအရိပ်အခြေ မတွေ့လို့ဝင်ကြည့်တော့ ဆိုလာပြားတွေ့တယ်၊ တာလပတ်နဲ့ အုပ်ထားတဲ့ ဆန်တွေတွေ့တယ်။ အဲ့ဒီနေရာက နည်းနည်းလေး အောက်ကို ဆင်းတာနဲ့ သူ့အလောင်းကို တွေ့တယ်။ တွေ့လို့ ကျနော့်ဖုန်းနဲ့ လုံခြုံရေးအဖွဲ့ကို ဆက်သွယ်တယ်။ အလောင်းကို ထားပြီး ကိုင်းကြီးရွာကိုသွားတယ်။ လုံခြုံရေးအဖွဲ့တွေနဲ့တွေ့လို့ အဲ့ဒီနေရာကို ပြန်သွားပြီး အလောင်း ကိုယူပြီး မောင်တောဆေးရုံကိုပို့လိုက်တာပါ။ ညဆယ်နာရီလောက်မှ ရောက်ပါတယ်”လို့ သူက ပြောပါတယ်။

ခမီလူမျိုးနှစ်ဦးကို ဓား၊ ပုဆိန်နဲ့ခုတ်တဲ့ အမည်မသိလူသုံးဦးကို ရှာဖွေနေဆဲဖြစ်တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံးကလည်း သတင်းထုတ်ပြန်ထားပါတယ်။
သတင်း၊ ဓာတ်ပုံ - ကိုအောင်

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013