DVB Logo
Home
မြန်မာသတင်း
နိုင်ငံသားစိစစ်ရေးလုပ်ငန်း ပွင့်လင်းမြင်သာမှုရှိရန် မောင်တောတွင်ဆန္ဒပြ
DVB
·
February 28, 2017
နိုင်ငံသားစိစစ်ရေးလုပ်ငန်း ပွင့်လင်းမြင်သာမှုရှိရန် မောင်တောတွင်ဆန္ဒပြ
1 / 5
Donate to DVB

 

ရခိုင်ပြည်နယ် မောင်တောမြို့မှာ ဆောင်ရွက်နေတဲ့  နိုင်ငံသားစိစစ်ရေးလုပ်ငန်းတွေမှာ ဥပဒေနဲ့ မညီဘဲ ဆောင်ရွက်နေတယ်ဆိုပြီး ဒေသခံတိုင်းရင်းသား ၃၀၀ ခန့်က ဖေဖော်ဝါရီ ၂၇ ရက်က ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

“နိုင်ငံသားဖြစ်ခွင့်ရှိတဲ့သူကို နိုင်ငံသား ပေးလိုက်ပါ။ ကျနော်တို့ ဘာမှမကန့်ကွက်ပါဘူး။ အခု ဆန္ဒထုတ်ဖော်ရတာက နိုင်ငံသားစိစစ်ရေးကော်မတီဟာ ဘယ်လိုစိစစ်သလဲ။ ကျနော်တို့မြို့က တိုင်းရင်းသားကိုယ်စားလှယ်တွေလည်း ကော်မတီထဲမှာ မပါတော့ စိစစ်မှုတွေဟာ ဥပဒေနဲ့ညီလား၊ မညီဘူးလားဆိုတာ ဘာမှမသိရဘူး။ ပွင့်လင်းမြင်သာမှု မရှိဘူး။ ဒါကြောင့် ဆန္ဒပြရတာပါ” လို့ ရခိုင်လူမှုကွန်ရက်က ဦးမောင်ဝင်းသိန်းက ပြောပါတယ်။

ဆန္ဒပြသူတွေဟာ ၈၂ နိုင်ငံသားဥပဒေနဲ့အညီ လျှောက်ထားသူတွေကို စိစစ်ပေးရေး၊ နိုင်ငံသားစိစစ်ရေးကော်မတီများတွင် တိုင်းရင်းသားကိုယ်စားလှယ် ပါဝင်ခွင့်ရရှိရေး၊ ဥပဒေနှင့်မညီဘဲ နိုင်ငံသားကတ်ပြား ထုတ်ပေးနေခြင်းအား ပြန်လည်သိမ်းဆည်းပေးရေး၊ နိုင်ငံသားအဖြစ် လိမ်လည်လျှောက်ထားသူနှင့် ဥပဒေမဲ့ ဆောင်ရွက်နေသူများအား အရေးယူအပြစ်ဒဏ်ပေးရေး၊ နိုင်ငံတော်ဥပဒေကို ချိုးဖောက်သူ တို့ရန်သူ စတဲ့ ပိုစတာတွေနဲ့ ကြွေးကြော်သံတွေ ကြွေးကြော်ဆန္ဒပြကြတာပါ။

ဆန္ဒပြသူ ဒေါ်နှင်းညွန့်ဦးက “ဇန်နဝါရီလထဲမှာ ဘင်္ဂါလီ ၅၃ ဦးကို နိုင်ငံသားကတ် ထုတ်ပေးထားတယ်။ အဲ့ဒါကို ပြန်လည်စစ်ဆေးပေးပါ။ ကျမတို့ တောင်းဆိုတာတွေကို တပတ်အတွင်း ဖြေရှင်းပေးပါ။ မဖြေရှင်းပေးဘူးဆိုရင် ပြည်နယ်အထိ ချီတက်ဆန္ဒပြမယ်။ မရရင် နေပြည်တော်အထိ ချီတက်ဆန္ဒပြပါမယ်” လို့ ပြောပါတယ်။

မောင်တောခရိုင်ထဲမှာ နိုင်ငံသားစိစစ်မှု ဆောင်ရွက်နေတဲ့နေရာမှာ ဥပဒေနဲ့မညီဘဲ ဆောင်ရွက်နေတယ်ဆိုတဲ့ ကန့်ကွက်တိုင်ကြားစာကို မောင်တောမြို့ခံ ၄ ရာကျော် လက်မှတ်ရေးထိုးပြီး နိုင်ငံတော်သမ္မတရုံးအပါအဝင် လွှတ်တော်အဆင့်ဆင့်ကိုပါ ပေးပို့ထားပါတယ်။

တိုင်ကြားစာနဲ့ပတ်သက်ပြီး လေ့လာစုံစမ်းဖို့ ရခိုင်ပြည်နယ်လွှတ်တော် နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့် အထူးကြားနာစုံစမ်းရေးကော်မတီရဲ့ ကြားနာစုံစမ်းမှုတွေ မောင်တောခရိုင်ထဲမှာ ဆောင်ရွက်နေတဲ့အချိန်မှာပဲ အခုလို ဆန္ဒထုတ်ဖော်ကြတာပါ။ အလားတူ ဆန္ဒပြမှုကို စစ်တွေမြို့မှာလည်း ပြုလပ်ခဲ့တယ်လို့ သိရပါတယ်။

သတင်း၊ ဓာတ်ပုံ - ကိုအောင်

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013