DVB Logo
Home
မြန်မာသတင်း
အစိုးရသည် ပါတီမူဝါဒအတိုင်းလုပ်ဆောင်နေပြီး မအောင်မြင်လျှင် ပြည်သူလက်ခံမည်မဟုတ်ဟု တပ်ချုပ် ပြော
DVB
·
February 28, 2017
အစိုးရသည် ပါတီမူဝါဒအတိုင်းလုပ်ဆောင်နေပြီး မအောင်မြင်လျှင် ပြည်သူလက်ခံမည်မဟုတ်ဟု တပ်ချုပ် ပြော
Donate to DVB

 

ရွေးချယ်ခံအစိုးရဟာ ပါတီရဲ့ မူဝါဒ၊ ရပ်တည်ချက်၊ ဦးဆောင်မှု၊ လုပ်ဆောင်မှုများနဲ့ အကောင်အထည်ဖော် လုပ်ဆောင်နေပြီး အဲဒီအချက်တွေ မအောင်မြင်ရင် ပြည်သူက လက်ခံမှာ မဟုတ်ဘူးလို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောလိုက်ပါတယ်။

ဖေဖော်ဝါရီ ၂၇ ရက်က ကာကွယ်ရေးဦးစီးချုပ်နဲ့ တပ်မတော်ထိပ်တန်းခေါင်းဆောင်များ တွေ့ဆုံပွဲမှာ ပြောခဲ့တာဖြစ်ပြီး ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုများ ထင်သလောက် ခရီးမပေါက်သေးတာ ကို တွေ့မြင်နေရတယ်လို့လည်း သူက ပြောခဲ့ပါတယ်။

တပ်မတော်အနေနဲ့ လုံခြုံမှု အားနည်းတဲ့ ဒေသတွေမှာ လုံခြုံရေးတာဝန် ယူပေးနေရတယ်၊ တိုင်းပြည်ရဲ့ သယံဇာတတွေကိုလည်း ထိန်းသိမ်းကာကွယ်စောင့်ရှောက်ပေးနေတယ်လို့လည်း ပြောခဲ့ပါတယ်။

“၂၀၁၆ ခုနှစ်အတွင်း စစ်တပ်က ကျပ်သိန်းပေါင်း ၄၆၅၈၀ ခန့် တန်ဖိုးရှိတဲ့ သစ်တွေ ဖမ်းပေးခဲ့တယ်။ ကျောက်စိမ်း ၁၃ ဒသမ ၇၅၈ တန် ဖမ်းပေးခဲ့တယ်။ ဒီနှစ်ထဲမှာပဲ ဖားကန့်က ကျောက်စိမ်း ၂၃ ဒသမ ၈၀၂ တန် ဖမ်းပေးခဲ့တယ်။ ၂၀၁၆ ခုနှစ်မှာပဲ ကျပ်ငွေ ၁၆၃ ဒသမ ၆၃ ဘီလီယံကျော် တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေ ဖမ်းပေးခဲ့တယ်။ လုံခြုံရေးနဲ့ စစ်ဆင်ရေးတာဝန် ထမ်းဆောင်နေတဲ့  နယ်မြေများမှာ  နိုင်ငံရဲ့ သယံဇာတများကို လုံခြုံအောင် ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရမယ်” လို့လည်း ဗိုလ်ချုပ်မှူးကြီးက ပြောခဲ့ပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ကုန်ဈေးနှုန်း၊ အလုပ်အကိုင် အခွင့်အလမ်း၊ ကုန်ထုတ် လုပ်ငန်း စတဲ့ စီးပွားရေးဆိုင်ရာများ၊ ကျန်းမာရေးကဏ္ဍ၊ ပညာရေးကဏ္ဍ၊ မျိုးချစ်စိတ်နှင့် ဘာသာရေး ကိုင်းရှိုင်းမှု၊ နယ်မြေဒေသ ဖွံ့ဖြိုးတိုးတက်ရေး စတဲ့ ကဏ္ဍများမှာ တပ်မတော်က ပါဝင်လုပ်ဆောင်မယ့် အစီအစဉ်များကိုလည်း  ညွှန်ကြားခဲ့ပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ တွေ့ဆုံပွဲကို ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်းနဲ့ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံးက တပ်မတော် အရာရှိကြီးများနဲ့  တိုင်းမှူးများ၊ တပ်မမှူးများ တက်ရောက်ခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013