DVB Logo
Home
မြန်မာသတင်း
လှိုင်သာယာကျူးကျော်ရပ်ကွက် မီးလောင်၊ အမျိုးသမီး ၁ ဦး သေဆုံး (ရုပ်သံ)
DVB
·
February 28, 2017
လှိုင်သာယာကျူးကျော်ရပ်ကွက် မီးလောင်၊ အမျိုးသမီး ၁ ဦး သေဆုံး (ရုပ်သံ)
Donate to DVB

ရန်ကုန် လှိုင်သာယာမြို့နယ် ပန်းလှိုင်အိမ်ရာအနီး ဒိုင်စုရပ်ကွက်မှာ ဖေဖော်ဝါရီ ၂၇ ရက်နေ့ ညနေ ၅ နာရီခွဲဝန်းကျင်လောက်က မီးလောင်မှုဖြစ်ပွားခဲ့ပြီး အမျိုးသမီး ၁ ဦး သေဆုံးခဲ့ပါတယ်။

ဆိုင်ကယ်ပြင်ဆိုင်တဆိုင်ကနေ စတင်လောင်ကျွမ်းတာဖြစ်ပြီး အိမ်ခြေ ၇၀ လောက် မီးလောင်ဆုံးရှုံးကာ လူ ၄၀၀ လောက် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရတယ်လို့ ဒီကနေ့ထုတ် နိုင်ငံပိုင်သတင်းစာတွေမှာ ဖော်ပြပါတယ်။

မီးလောင်မှုဖြစ်ပွားတဲ့ ဘေးအိမ်မှာ နေထိုင်သူ ဒေါ်ဘေဘီအောင်က “နောက်ဖေးအိမ်က သူတို့က ထမင်းကြော်တာလား၊ ကြက်သွန်ကြော်တာလား မသိဘူး၊ ဆီထဲကို ရေကျပြီး ဟုန်းဆို ထလောင်တာ။ အဲဒါ သူတို့ ဒီအတိုင်း ကျိတ်သတ်နေတာ။ မနိုင်တဲ့အခါကျမှ ကျမတို့က ရန်ဖြစ်တယ်မှတ်ပြီး ထကြည့်တဲ့အခါကျမှ ခေါင်မိုးပေါ်ရောက်နေပြီ။ ကျမတို့လည်း မနိုင်လို့ ထွက်ပြေးတာ။ ဟိုဘက်ခြမ်းရော၊ ဒီဘက်ခြမ်းရောဆို ၃၀ ကျော် ၄၀ လောက် ကုန်သွားပြီ” လို့ ပြောပါတယ်။

မီးလောင်မှုကို Level-3 အဖြစ် လတ်တလော သတ်မှတ်ထားပြီး မြို့နယ်မီးသတ်ကားတွေ လာရောက်ငြှိမ်းသတ်ခဲ့တယ်လို့လည်း ကြက်ခြေနီအဖွဲ့ဝင် တဦးဖြစ်သူ ကိုဖြိုးကိုကိုဇော်က ပြောပါတယ်။

လက်ရှိမှာ မီးဘေးသင့်ပြည်သူတွေကို ဒိုင်စုရပ်ကွက် မဟာဝိဇယယာမကျောင်းတိုက်မှာ ကယ်ဆယ်ရေးစခန်း ဖွင့်လှစ်ထားပြီး ပျောက်ဆုံးနေတဲ့ ကလေးငယ်တွေ ပြန်လည်တွေ့ရှိရင် ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို အပ်နှံဖို့ သက်ဆိုင်ရာအဖွဲ့အစည်းတွေက ကြေညာထားပါတယ်။

သတင်း၊ ရုပ်သံ - စိုးမိုးအောင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013