DVB Logo
Home
မြန်မာသတင်း
တရားမဝင်ဘီယာများ သယ်လာသည့်ယာဉ်အား ဖမ်းဆီးအရေးယူ
DVB
·
February 28, 2017
Donate to DVB

မွန်ပြည်နယ်၊ ရေးမြို့၊ ရန်ကြီးအောင်ရပ်ကွက်၊ မြသီတာဈေး ဘုရင့်နောင်လမ်းမကြီးမှာ သတင်းအရ သက်ဆိုင်ရာတာဝန်ရှိသူတွေက ရှာဖွေရာ တရားမဝင် ဘီယာတွေ သယ်ဆောင်လာတဲ့ ယာဉ်ကို ဖေဖော်ဝါရီ ၂၆ ရက် ညနေက ဖမ်းမိတယ်လို့ ရေးမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးက ပြောပါတယ်။

နယ်ထိန်းခေါင်းဆောင် ဒု-ရဲအုပ် ဒါးရှင်းခိုင်နဲ့ ရဲတပ်ဖွဲ့ဝင်တွေ၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒု-ဦးစီးမှူး ဦးခင်မောင်မြင့်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ မြို့နယ်စည်ပင်က တာဝန်ရှိသူတွေ သွားရောက်စစ်ဆေးရာ ယာဉ်မောင်း မင်းလွင် မောင်းနှင်လာတဲ့ ဒိုင်နာအဖြူရောင် ယာဉ်ပေါ်မှာ Singer  ဘီယာ ၁၀ ဖာ၊ LEO  ဘီယာဖာ ၃၀၊ CHEERS ဘီယာ ၁၀ ဖာ၊ စုစုပေါင်း ဘီယာဘူးပေါင်း ၁၂၀၀ ဘူး၊ ကာလတန်ဖိုး ၆၇၅၀၀၀ ကျပ်ကို သက်သေတွေရှေ့မှာ ရှာဖွေပုံစံနဲ့ သိမ်းဆည်းလိုက်တယ်လို့ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သိရပါတယ်။

အဲဒီဖြစ်စဉ်တွေနဲ့ပတ်သက်ပြီး ယာဉ်မောင်း မင်းလွင်ကို ရေးမြို့မရဲစခန်းက ယစ်မျိုးဥပဒေပုဒ်မ ၃၀(က) အရ ဖေဖော်ဝါရီ ၂၆ ရက်က အမှုဖွင့် အရေးယူထားပါတယ်။

သတင်း - နေမျိုးထွဋ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013