DVB Logo
Home
မြန်မာသတင်း
ရန်ကုန်တိုင်းရဲတပ်ဖွဲ့ကို မော်တော်ဆိုင်ကယ် ၁၀ဝ စီး လွှဲပြောင်းပေးအပ်
DVB
·
February 27, 2017
ရန်ကုန်တိုင်းရဲတပ်ဖွဲ့ကို မော်တော်ဆိုင်ကယ် ၁၀ဝ စီး လွှဲပြောင်းပေးအပ်
1 / 5
Donate to DVB

 

ရန်ကုန်တိုင်းတွင် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ မှုခင်းကျဆင်းရေးလုပ်ငန်းတွေမှာ အသုံးပြုဖို့ ရန်ကုန်တိုင်းအစိုးရအဖွဲ့က တိုင်းရဲတပ်ဖွဲ့ကို မော်တော်ဆိုင်ကယ် ၁၀ဝ စီး လွှဲပြောင်းပေး အပ်လိုက်ပါတယ်။

တန်ဖိုးကျပ်သိန်း ၂၀ဝ၀ နီးပါးရှိ ဆိုင်ကယ် ၁၀ဝ စီးကို Mother Trading Construction ကုမ္ပဏီက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ထံ  ဒီနေ့ မနက်ပိုင်းက  တိုင်းလွှတ်တော်ဝန်းအတွင်းမှာ အခမ်းအနားနဲ့ လှူဒါန်းတာဖြစ်ပါတယ်။

ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက မော်တော်ဆိုင်ကယ် ၁၀ဝ စီးကို တိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် ဝင်းနိုင်ထံ လွှဲပြောင်းပေးအပ်ခဲ့ပြီး တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးက အလှူရှင်ကို ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ပါတယ်။

မော်တော်ဆိုင်ကယ် ၁၀ဝ စီးလှူဒါန်းတဲ့ အခမ်းအနားကို လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး တင်အောင်ထွန်းနဲ့ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးတွေ၊ တိုင်း၊ ခရိုင်၊ မြို့နယ်ရဲတပ်ဖွဲ့တွေက တာဝန်ရှိသူတွေနဲ့ ဆိုင်ကယ်စီးနင်းမယ့်ရဲတပ်ဖွဲ့ဝင်တွေ စုစုပေါင်း ၁၆၀ ဦးခန့် တက်ရောက်ခဲ့တယ်လို့ ရန်ကုန် ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

မော်တော်ဆိုင်ကယ်တွေကို အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့သို့ ၃၃ စီး၊ အနောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့သို့ ၃၀ စီး၊ တောင်ပိုင်း ခရိုင်ရဲတပ်ဖွဲ့သို့ ၁၄ စီး၊ မြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့သို့ ၁၉ စီးနဲ့ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး ရဲအကူတပ်ဖွဲ့ခွဲတွေကို ၄ စီး ဖြန့်ခွဲပေးခဲ့တယ်လို့ သိရပါတယ်။

ဓာတ်ပုံ - Yangon Police

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013