DVB Logo
Home
မြန်မာသတင်း
ဦးကိုနီအသတ်ခံရမှုနှင့်ပတ်သက်ပြီး စွပ်စွဲချက်များ လွန်လာရင် ဥပဒေအရပြုလုပ်မည်ဟု မိုင်းဖြတ်အမတ် ပြော (ရုပ်သံ)
DVB
·
February 27, 2017
ဦးကိုနီအသတ်ခံရမှုနှင့်ပတ်သက်ပြီး စွပ်စွဲချက်များ လွန်လာရင် ဥပဒေအရပြုလုပ်မည်ဟု မိုင်းဖြတ်အမတ် ပြော (ရုပ်သံ)
Donate to DVB

သူ့အပေါ် စွပ်စွဲပြောဆိုနေတာနဲ့ ပတ်သက်ပြီး ဒါထက် လွန်လာရင်တော့ ဥပဒေကြောင်းအရ လုပ်သွားမယ်’လို့ ဦးကိုနီကို လုပ်ကြံခိုင်းသူ တပ်မတော်အရာရှိဟောင်း(အပတ်စဉ် ၃၆) အောင်ဝင်းခိုင်နဲ့ တပတ်စဉ်ထဲ သူငယ်ချင်းလည်းဖြစ်တဲ့ လက်ရှိ မိုင်းဖြတ်မြို့နယ် ကြံ့ခိုင်ရေးပါတီ လွှတ်တော်အမတ်က ပြောဆိုလိုက်ပါတယ်။

ဦးကိုနီ လုပ်ကြံခံရမှု စုံစမ်းစစ်ဆေးဖော်ထုတ်နေတဲ့ အခြေအနေတွေကို ပြည်ထဲရေးက ဖေဖော်ဝါရီ ၂၅ ရက်နေ့က သတင်းစာရှင်းလင်းရာမှာ တာမွေမြို့နယ် မော်ဒန် လက်ဖက်ရည်ဆိုင်မှာ ကိုအောင်ဝင်းဇော်၊ ကိုအောင်ဝင်းခိုင်၊ ကိုလင်းဇော်ထွန်း တွေ့ဆုံခဲ့တယ်လို့ ပြောဆိုခဲ့တဲ့အပေါ် အွန်လိုင်းပေါ်မှာ ရေးသားချက်တွေနဲ့ပတ်သက်ပြီး မိုင်းဖြတ်မြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးလင်းဇော်ထွန်းက  တုံ့ပြန် ပြောဆိုလိုက်တာပါ။

“ဒီကောလဟာလတွေ ထွက်တယ်။ ကိုယ့်ရဲ့ မိသားစုပုံတွေနဲ့ ဘာနဲ့ တင်တာတွေရှိတယ်။ အဲဒါကတော့ ကိုယ့်ရဲ့ နိုင်ငံသားတစ်ယောက်အခွင့်အရေးနဲ့ ဥပဒေအရအကာအကွယ် ရှိတယ်။ နောက်ကျလို့ရှိရင်တော့ ဒီလိုဟာမျိုးတွေကို ဒီအတိုင်းဆက်ပြီးတော့ နေမှာ မဟုတ်တော့ဘူး။ ဥပဒေအရ ဆက်ပြီးတော့ ဆောင်ရွက်သွားမယ်။ ဆက်ပြီးတော့ ကိုယ်နဲ့ပတ်သက်တဲ့ အဖွဲ့အစည်းတွေ၊ ပတ်သက်ခဲ့တဲ့အဖွဲ့အစည်းတွေ၊ လက်ရှိ ပတ်သက်နေတဲ့ အဖွဲ့အစည်းတွေကို သိက္ခာကျအောင် လုပ်လာမယ်ဆိုရင်တော့ ဥပဒေအတိုင်းဆက်ပြီးဆောင်ရွက်သွားမယ်။ အမှုမှန် မြန်မြန်ပေါ်ပါစေလို့ ဆုတောင်းပါတယ်။ မြန်မြန်ပေါ်သွားမှပဲ သံသယတွေ အားလုံးကင်းသွားမှာပဲ။”

ဒီအမှုနဲ့ပတ်သက်ပြီး လူသတ်ဖို့စေခိုင်းခဲ့တဲ့ အောင်ဝင်းခိုင်ရဲ့ ဓာတ်ပုံတွေ၊ ဗိုလ်လောင်းအပတ်စဉ်တူအဖွဲ့တွေ စုစည်းရိုက်ထားတဲ့ ဓာတ်ပုံတွေ၊  ဟောင်ကောင်မှာ မိုင်းဖြတ်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးလင်းဇော်ထွန်း၊ ဟောင်ကောင် ကောင်စစ်ဝန်ချုပ် ဦးဇော်ဇော်စိုး၊ သံမှူး ဦးကျော်ဇေယျာလင်းတို့နဲ့ တွဲရိုက်ထားတဲ့ ဓာတ်ပုံတွေနဲ့ ထင်မြင်ယူဆချက်တွေအမျိုးမျိုး   လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ ထွက်ပေါ်နေတာဖြစ်ပါတယ်။

ဦးကျော်ဇေယျာလင်းအပါအ၀င်  ဓာတ်ပုံတွေမှာပါသူတွေကို သက်ဆိုင်ရာက ခေါ်ယူ တွေ့ဆုံ မေးမြန်းခဲ့ရာမှာ လုပ်ငန်းတူ၊ အပတ်စဉ်တူသူတွေနဲ့ ဂေါက်ရိုက်ပြိုင်ပွဲ၊ ညစာစားပွဲ၊ အလှူအတန်းပွဲတွေနဲ့ ဟောင်ကောင်သို့ အလည်အပတ် သွားစဉ် တွေ့ဆုံတဲ့ အသိမိတ်ဆွေတွေနဲ့ အမှတ်တရ ရိုက်ထားတဲ့ ပုံတွေသာဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရပြီး အမှုဖြစ်စဉ်နဲ့ ပတ်သက်လို့ စစ်ဆေးပေါ်ပေါက်မှုမရှိဘူးလို့  ရဲချုပ်ဇော်ဝင်းက သတင်းစာရှင်းလင်းပွဲမှာပြောပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥပဒေအထောက်အကူပြုအဖွဲ့ဝင် ရှေ့နေဦးကိုနီဟာ ပြီးခဲ့တဲ့ ဇန်န၀ါရီ ၂၉ ရက်နေ့က သေနတ်နဲ့ ပစ်ခတ်လုပ်ကြံသတ်ဖြတ်ခံရပြီး သတ်တဲ့သူကို လိုက်ဖမ်းတဲ့ တက္ကစီဆရာ ဦးနေ၀င်းလည်း သေနတ်ဒဏ်ရာနဲ့ သေဆုံးခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013