DVB Logo
Home
မြန်မာသတင်း
ဦးရွှေမန်းခေါင်းဆောင်သည့်ကော်မရှင် ဥပဒေနဲ့မညီကြောင်း တပ်မတော်ကန့်ကွက် (ရုပ်သံ)
DVB
·
February 27, 2017
ဦးရွှေမန်းခေါင်းဆောင်သည့်ကော်မရှင် ဥပဒေနဲ့မညီကြောင်း တပ်မတော်ကန့်ကွက် (ရုပ်သံ)
Donate to DVB

သူရဦးရွှေမန်းဥက္ကဋ္ဌအဖြစ် တာဝန်ယူတဲ့ ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင်ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မညီဘူးလို့   တပ်မတော်က ကန့်ကွက်လိုက်ပါတယ်။

ဒီကနေ့ ပြည်ထောင်စုလွှတ်တော်မှာ ကော်မရှင်ကို တစ်နှစ်သက်တမ်းတိုးတာ၊ အဖွဲ့ဝင်တဦး နှုတ်ထွက်တာ၊ အစားပြန်ခန့်အပ်နဲ့ ပတ်သက်ပြီး ပြည်ထောင်စုလွှတ်တော်နာယကက သဘောတူ မတူ သဘောထားတောင်းခံတာမှာ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ်မောင်မောင်က ကန့်ကွက်တာဖြစ်ပါတယ်။

“ဒီကော်မရှင်ကို ပြည်ထောင်စုလွှတ်တော် ဥပဒေ ပုဒ်မ ၇(ခ)၊ ၇(ဂ) နည်းဥပဒေ ၁၀၅ တို့အရ ဖွဲ့စည်းကြောင်း တင်ပြအပ်ပါတယ်၊ ပြည်ထောင်စုလွှတ်တော်မှာ ကော်မရှင်ဖွဲ့စည်းခြင်းကို ဖွဲ့စည်းပုံအခြေခံဥပဒေမှာ လုံးဝ ပြဌာန်းထားခြင်းမရှိပါဘူး၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၁၈၊ ပုဒ်မခွဲ (က) အရ ပြည်သူ့လွှတ်တော်မှာ ကော်မ ရှင် ဖွဲ့စည်းခွင့် ခွင့်ပြုထားပြီးတော့ ဖွဲ့စည်းပုံအခြေခံဥပဒေ ၁၅၁ အရ အမျိုးသားလွှတ်တော်မှာလည်း ကော်မရှင် ဖွဲ့စည်းခြင်းကို ပုဒ်မ ၁၁၈ ပါအတိုင်း ဆောင်ရွက်ဖို့ ပြဌာန်းထားရှိပါတယ်၊ ဒါကြောင့် ကော်မရှင်ဖွဲ့စည်းခြင်းကို ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်တို့မှာ ဖွဲ့စည်းနိုင်ဖို့အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေမှာ အာဏာအပ် နှင်းထားရှိပါတယ်၊ ပြည်ထောင်စုလွှတ်တော်မှာ ကော်မရှင်ဖွဲ့စည်းခြင်းကို ဖွဲ့စည်းပုံအခြေခံဥပဒေမှာ အာဏာ အပ်နှင်းထားခြင်းမရှိပါဘူး၊  ဒါကြောင့် ပြည်ထောင်စုလွှတ်တော်က ကော်မရှင်ကို ပြည်ထောင်စုလွှတ်တော်မှာ ဖွဲ့စည်းပိုင်ခွင့်မရှိကြောင်း တင်ပြပါတယ်၊”လို့ ဗိုလ်မှူးချုပ်မောင်မောင်က ပြောပါတယ်။

ကော်မရှင်ဖွဲ့စည်းတာဟာ အမြဲတမ်းဆောင်ရွက်ဖို့ မဟုတ်ပဲနဲ့ ယာယီသဘောမျိုး ဖြစ်တယ်လို့လည်း  ဗိုလ်မှူးချုပ်မောင်မောင်က ပြောသွားပါတယ်။

“ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်မှာ ကော်မရှင်ဖွဲ့စည်းတာကိုလည်း ဒီလွှတ်တော်ရဲ့ သက်ဆိုင်ရာကော်မတီတွေရဲ့ ပေးပို့တဲ့ အကြောင်းအရာတွေမှ အပ ကျန်အကြောင်းအ ရာတွေကို လေ့လာဖို့အတွက် ဖွဲ့စည်းထားတာဖြစ်ပါတယ်၊ ဒီလိုဖွဲ့စည်းဆောက်ရွက်ခြင်းဟာလည်း လွှတ်တော် ကော်မတီများကဲ့သို့ အမြဲတမ်းဆောင်ရွက်ရန် မဟုတ်ပဲနဲ့ ယာယီသဘောမျိုးဆောင်ရွက်ခြင်းသာ ဖြစ်ပါတယ်၊ ပြည်ထောင်စုလွှတ်တော်က ဖွဲ့စည်းတဲ့ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာသုံးသပ် ဆန်းစစ်ရေးကော်မ ရှင် လက်ရှိဆောင်ရွက်နေတဲ့ ကိစ္စတွေရှိမယ်ဆိုရင် ဥပဒေတွေ ရုပ်သိမ်းဖို့ ပြင်ဆင်ဖို့ ရုတ်သိမ်းအသစ်ပြန်လည်ရေးဆွဲ ကိစ္စတွေဟာ ဆောင်ရွက်နေကြောင်း တွေ့ရပါတယ်၊ ဒီကိစ္စတွေဟာ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသား လွှတ်တော်တွေမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ အညီ ကော်မရှင်တွေကနေပြီးတော့ ဆောင်ရွက်ရမယ့် ကိစ္စတွေ ဖြစ်ပါတယ်”

ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့်လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်ကို ဖွဲ့စည်းတဲ့ အခါမှာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ညီညွတ်ခြင်းရှိမရှိကို နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးရဲ့ စိစစ်သဘောထား ချမှတ်ပေးဖို့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၅၀ ဦးက လက်မှတ်ထိုးပြီး ဖေဖော်ဝါရီ ၂၂ ရက်နေ့မှာ ခုံရုံးကို တင်သွင်းထားပြီး ဖြစ်တယ် ဖွဲ့စည်းပုံအခြေခံ ဥပဒေနဲ့ ညီညွတ်ခြင်းရှိမရှိ ခုံရုံးကနေပြီးတော့ စိစစ်သဘောထား ချမှတ်ခြင်းမပြုသေးမီ ကော်မရှင်ဖွဲ့စည်းခြင်း၊ ထပ်မံသက်တမ်းတိုးခြင်း မလုပ်သင့်ဘူးလို့လည်း တပ်ကိုယ်စားလှယ်က လွှတ်တော်မှာပြောသွားပါတယ်။

ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စများလေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင် ဖွဲ့စည်းတာနဲ့ သက်တမ်းတိုးတာကို   အခုလို တပ်မတော်ဘက်က ကန့်ကွက်ခဲ့ပေမယ့် မဲခွဲဆုံးဖြတ်တာမှာ ထောက်ခံမဲများတဲ့အတွက် ကော်မရှင် ၁ နှစ်သက်တမ်းတိုးတာကို လွှတ်တော်က အတည်ပြုခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013