
လူမျိုးအလိုက် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ (ချင်း)ကို ချင်းအမျိုးသားနိုင်ငံရေးဆွေးနွေးမှု ပူးတွဲကော်မတီက ဦးဆောင်ပြီး ဖေဖော်ဝါရီ ၂၇ ရက်မှ မတ် ၁ ရက်အထိ ချင်းပြည်နယ်၊ ထန်တလန်မြို့ရှိ နှစ်ခြင်းအသင်းတော်ခန်းမမှာ စတင်ကျင်းပနေပါတယ်။
ဒီဆွေးနွေးပွဲမှာ အချုပ်အခြာအာဏာ၊ တန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်၊ ဖက်ဒရယ် ပြည်ထောင်စုမူ၊ တိုင်ရင်းသားလူနည်းစုများ၏ အခွင့်အရေးများကိုကာကွယ်ခြင်း၊ ဒီမိုကရေစီ အခွင့်အရေး၊ အခြေခံလူ့အခွင့်အရေးနှင့် ကျားမတန်းတူညီမျှမှု၊ ပါတီစုံဒီမိုကရေစီစနစ်၊ ဘာသာရေးကို အခြေမခံသောနိုင်ငံ စတဲ့အချက် ၈ချက်ကိုဆွေးနွေးကြမှာဖြစ်ပါတယ်။
ဆွေးနွေးပွဲကို ချင်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးတွေ၊ ချင်းပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးဇိုဘွဲ၊ ချင်းအမျိုးသားတပ်ဦးဥက္ကဋ္ဌ ဦးဇိန်ကျုံး၊ ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ အတွင်းရေးမှုးအဖွဲ့ဝင် ဦးခင်ဇော်ဦး၊ ချင်းအမျိုးသားတပ်ဦး အပါအဝင် ချင်းနိုင်ငံရေးပါတီ ၇ ပါတီက ကိုယ်စားလှယ်တွေနှင့် ချင်းအရပ်ဖက်အဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေ၊ လေ့လာသူတွေ စုစုပေါင်း ၆၅၀ လောက် တက်ရောက်ကြ ဆွေးနွေးမှာဖြစ်ပါတယ်။
Zomi Congress for Democracy ပါတီကတော့ အကြောင်းအမျိုးမျိုးကြောင့် မတက်ရောက်ဘူးလို့ ကော်မတီဝင် ဆလိုင်းဆန်းလိန်းမန် က ဒီဗွီဘီကိုပြောပါတယ်။











