DVB Logo
Home
မေးမြန်းခန်း
အလုပ်သမား ဒုဝန်ကြီး ဦးမြင့်သိန်းနှင့် မေးမြန်းချက်
DVB
·
December 26, 2011
အလုပ်သမား ဒုဝန်ကြီး ဦးမြင့်သိန်းနှင့် မေးမြန်းချက်
Donate to DVB

မြန်မာပြည်မှာ လွတ်လပ်တဲ့ အလုပ်သမား အဖွဲ့အစည်းတွေကို လာမယ့် နှစ်ကျမှ ဖွဲ့စည်းခွင့်ပြုမယ်လို့ အလုပ်သမားဒုဝန်ကြီး ဦးမြင့်သိန်းက ပြောပါတယ်။

[caption id="attachment_16451" align="alignleft" width="300" caption="ဦး​မြင့်သိန်း​"][/caption]

ဦးမြင့်သိန်းကို ထိုင်းကိုရောက်နေစဉ် သီးသန့်မေးမြန်းတဲ့အခါမှာ​ ​လောလောဆယ် အလုပ်သမားရေးရာ​ ၀န်ကြီးဌာနက အလုပ်သမား​ အဖွဲ့အစည်းတွေ ဖွဲ့စည်းခွင့်ဆိုင်ရာ နည်းဥပဒေတွေ ရေးဆွဲထားပြီး၊ ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ်နဲ့ ပူးပေါင်းပြီး အလုပ်သမား​ အခွင့်အရေး​ ပညာပေးမှုတွေလည်း လုပ်နေတယ်လို့ ဆိုပါတယ်။

အလုပ်သမား​ ဒု-၀န်ကြီးဟာ ထိုင်းခရီးစဉ်မှာ ထိုင်းနိုင်ငံက ဒု-၀န်ကြီးချုပ်နဲ့လည်း တွေ့ဆုံပြီး ထိုင်းရောက် မြန်မာ့အလုပ်သမားတွေကို နိုင်ငံတကာ အလုပ်သမား စံနှုန်းအတိုင်း အကာအကွယ်ရဖို့ ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။ ဦးမြင့်သိန်းကို ဆက်သွယ် မေးမြန်းထားပါတယ်။

ဒုတိယ၀န်ကြီးချုပ်နဲ့ တွေ့တယ်ပြောတယ်။

“ဟုတ်ပါတယ်။ ဒုတိယ ၀န်ကြီးချုပ်နဲ့ ထိုင်းစံတော်ချိန် ၁ နာရီ ၃၀ ကနေ ၂ နာရီ ၃၀ ထိတွေ့တယ်။”

အဓိက ဘာတွေများ ဆွေးနွေးဖြစ်ပါသလဲ။

“အဓိကတော့ ရေကြီးတဲ့ အလုပ်သမားတွေ ပြန်ဝင်တဲ့အခါမှာ ရှိတဲ့ အခက်အခဲတွေ ၀ိုင်းပြီးတော့ စောင့်ရှောက်ပေးဖို့ကိစ္စ။ နောက်ပြီး ကျနော်တို့ ၅ ဖွဲ့ ဒီမှာဝင်ပြီးတော့ တင်ပြကြတာ။”

အလုပ်သမား လက်မှတ်တွေ ထုတ်ပေးမယ့် ရုံးတွေကိစ္စလား။

“ယာယီနိုင်ငံကူး လက်မှတ်တွေ ထုတ်ပေးမယ်။ လေဘာကတ်တွေ ထုတ်ပေးမယ်။ machine-readable passport (ကွန်ပျူတာဖြင့် ဖတ်ရှုသည့် နိုင်ငံကူးလက်မှတ်)၊ နောက်ပိုင်းကျရင်တော့ national verification (နိုင်ငံသား အစစ်အမှန် ဖြစ်ကြောင်း) တွေလည်း လုပ်ပေးမယ်။ အဓိကတော့ စာရွက်စာတမ်း မှတ်တမ်းတင် ဖြစ်သွားအောင် အကုန်လုပ်ပေးမယ်။”

ဘယ်လောက်လောက်ထိကို ရည်ရွယ်သလဲ။ ဥပမာ ၂ သန်းလောက် ရှိတဲ့အထဲမှာ။

မှတ်ပုံတင်ပြီး ကျန်နေသူတွေက ပထမအကြိမ် မှတ်ပုံတင်ထားတဲ့ထဲက ၂ သိန်းလောက် ကျန်တယ်။ ဒုတိယအကြိမ် ဇွန်၊ ဇူလိုင်မှာ လုပ်တဲ့မှတ်ပုံတင်တဲ့ ထဲမှာတော့ ၆ သိန်းခွဲဆိုတော့ မှတ်ပုံတင်ပြီးသား ၈ သိန်းခွဲလောက် ကျန်နေတယ်။ အဲဒါတွေကို အမြန်ဆုံး ခုနပြောတဲ့ ယာယီနိုင်ငံကူး လက်မှတ်တွေ ထုတ်ပေးမယ်။ အလုပ်သမားကတ်တွေ အမြန်ဆုံးထုတ်ပေးမယ်။ သတ်မှတ်ရက်က အခု ဆွေးနွေးနေတာပဲ။ ဆွေးနွေးနေပြီးတော့ လာမယ့် တနင်္လာနေ့လောက် အစိုးရအဖွဲ့ အစည်းအဝေးမှာ အမြန်ဆုံးလုပ်နိုင်တဲ့ ရက်ကို အတည်ပြုပြီးရင် ကျနော်တို့ အမြန်ဆုံးစမှာ။ ဇန်န၀ါရီ ပထမဆုံးပတ်မှာ စဖို့လုပ်ထားတဲ့ကိစ္စကို ရေကြီးနေတော့လည်း သူတို့လည်း အရေးတကြီးတွေ ဖြစ်နေတယ်။ လာမယ့် တနင်္လာနေ့မှာ အစည်းအဝေး ဆုံးဖြတ်ချက်တွေ လုပ်မယ်။ ပြီးရင် အမြန်ဆုံး  ခွင့်ပြုပေးမယ်ဆိုတဲ့ အနေအထားတွေ ရှိပါတယ်။”

ဟုတ်ကဲ့။ ဒီလိုကတ်တွေလုပ်ပေးတဲ့ အခါကျတော့ ၀န်ကြီိးတို့လည်း အချက်အလက်တွေ ရမှာပေါ့။ လောလောဆယ် ဖြစ်နေတဲ့ပြဿနာတွေကို ဘယ်လောက်ထိ အကာအကွယ် ရနိုင်မလဲ။

“အလုပ်သမားကတ်တွေ ရသွားပြီ၊ ယာယီပတ်စပို့တွေ ရသွားပြီဆိုရင် ကျနော်တို့က နိုင်ငံတကာ စံနှုန်းတွေနဲ့ တတ်နိုင်သမျှ ညီညွတ်အောင်လို့ ၂ နိုင်ငံ ညှိပြီးတော့  စောင့်ရှောက်သွားလို့ ရတာပေါ့။”

ကျနော်တို့ကြားတာက မလေးရှားမှာလည်း ၀န်ကြီးတို့ ဌာနအသစ် ထင်ပါတယ်။ အလုပ်သမားရေးရာဆိုပြီး ဖွဲ့ထားတယ်။ ဒီမှာလည်း ဖွဲ့ထားတယ်။ ၀န်ကြီးတို့ နိုင်ငံတိုင်းမှာ အဲဒါမျိုးတွေ လိုက်လုပ်နေလားခင်ဗျ။

“အဲဒါကတော့ ထိုင်းနဲ့ မလေးရှားမှာ သံအမတ်ကြီးတွေ ဦးဆောင်တဲ့​ ​အလုပ်သမား စောင့်ရှောက်ရေး ကော်မတီဆိုတာက တော်တော် စောစောလေး ကတည်းက ဖွဲ့ထားတယ်။ အဲဒီအဖွဲ့တွေကတော့ လှုပ်ရှားမှုရှိနေတယ်။ အခုလည်း ဆက်တိုက် လှုပ်ရှားမှု ရှိနေတယ်။ ကျနော်တို့ အစိုးရတက်လာတဲ့ အချိန်မှာတော့​ ​ပြည်ပအလုပ်အကိုင်​ ​ကော်မတီိဆိုတာကို​ ဖွဲ့လိုက်တယ်။ အဲဒီပြည်ပ အလုပ်အကိုင် ကော်မတီမှာ အလုပ်သမားဝန်ကြီးက ဥက္ကဋ္ဌ၊ နယ်စပ်ရေးရာ ၀န်ကြီးက ဒုတိယ ဥက္ကဋ္ဌ၊ သက်ဆိုင်ရာဝန်ကြီးဌာနတွေက ဒု-၀န်ကြီးတွေပါတယ်။ ကျနော်က အဲဒီကော်မတီမှာ အတွင်းရေးမှူး၊ အဲဒီအဖွဲ့က ကျနော်တို့က ဆပ်ကော်မတီတွေက အုပ်ချုပ်မှုကော်မတီရှိတယ်။ အလုပ်သမား သက်သာချောင်ချိရေး ကော်မတီရှိတယ်။ အလုပ်သမား အကာအကွယ်ပေးရေး ကော်မတီရှိတယ်။ ဒီဆပ်ကော်မတီ သုံးခုနဲ့ ကျနော်တို့ အလုပ်သမားတွေကို နိုင်ငံတကာ စံချိန်စံညွှန်းတွေနဲ့ညီတဲ့ စီမံကိန်းတွေ ချပြီးတော့ လှုပ်ရှားပြီးတော့ ဆောင်ရွက်ပေးနေတာ ဖြစ်ပါတယ်။”

အခုလောလောဆယ် ဘယ်လိုကိစ္စတွေကို ၀င်ရောက်ဖြေရှင်းပေးနေရတာ ရှိလဲ။

“အခုလောလောဆယ်ကတော့ ထိုင်းမှာကော မလေးရှားမှာကော သွားပြီးသား အလုပ်သမားတွေကို စာရွက်စာတမ်း အထောက်အထား မရှိတဲ့ သူတွေကို ရှိအောင်လို့ အဲဒါတွေကို အဓိကထား လုပ်ပေးနေပါတယ်။ လတ်တလောမှာ ရေကြီးပြီးတဲ့ နောက်ပိုင်းမှာ ထိုင်းနိုင်ငံရဲ့ အလုပ်သမား လိုအပ်ချက်အရ အထူးသဖြင့်​ ​မြ၀တီဘက်က​ ​တော်တော်များများကို​ ​၀င်နေတယ်။ တနေ့ကို ၁၅၀၀- ၂၀၀၀ လောက်ဝင်နေတယ်။ အဲဒီမှာ အထောက်အထားရှိတဲ့ သူက ၅၀၀ လောက်ပဲရှိပြီး၊ ၁၅၀၀ လောက်က အထောက်အထားမဲ့တွေ ဖြစ်နေတယ်။ ဒါတွေတော်တော်လေးကို အင်စပိုက် အလုပ်ခံနေရတယ်ဆိုတဲ့ သတင်းတွေရနေတဲ့ အတွက် ၂ နိုင်ငံအမြန်ဆုံး စောင့်ရှောက်နိုင်ဖို့ ၂ နိုင်ငံညှိနှိုင်းပြီး ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ရေကြီးလို့ ပြန်ထွက်လာတဲ့ အချိန်မှာကို ဒေသအစိုးရနဲ့ ဒေသအာဏာပိုင်တွေနဲ့ ဒေသမှာရှိတဲ့ အလုပ်သမားတွေ စသည်ဖြင့် ပြည်ထဲရေးတွေ အကုန်လုံးက ၀ိုင်းဝန်း စောင့်ရှောက်ကြပါတယ်။ ဒီလမ်းစဉ်ကတော့ ဆက်ပြီးတော့ လှုပ်ရှားနေပါတယ်။”

တခုလောက် မေးချင်ပါတယ်။ ပြည်တွင်းကိစ္စပါ။ အလုပ်သမားသမဂ္ဂလို အဖွဲ့အစည်းတွေ ဖွဲ့စည်းခွင့်ပြုပြီဆိုပြီးတော့ နောက် ကျနော်တို့ သတင်းတွေလည်း ကြားတာက ၂ ဖွဲ့လောက် ထင်ပါတယ်။ သူတို့လောလောဆယ် အဆင်မပြေသေးဘူးလို့ ပြောပါတယ်။ အဲဒါဘယ်လိုဖြစ်တာလဲ။

“မှန်ပါတယ်။ အဲတော့ အလုပ်သမား ဖွဲ့စည်းခွင့်ဥပဒေဆိုတာ ပြီးခဲ့တဲ့ ၁၀လပိုင်း၊ ၁၁ ရက်နေ့က သမ္မတကြီး လက်မှတ်ထိုးပြီး ထုတ်ပြန်ထားလိုက်ပါပြီ။ သို့သော်လည်း အဲဒီဥပဒေကြီးကို လက်တွေ့အကောင်အထည်ဖော်ဖို့အတွက် နည်းဥပဒေတခုကို အလုပ်သမားဝန်ကြီးဌာနက ဆွဲနေစဲဖြစ်ပါတယ်။ လာမယ့် ၂၀၁၂ ခုနှစ်ထဲမှာ ဒီအလုပ်သမား နည်းဥပဒေတွေကို အတည်ပြုပြီးတာနဲ့ ဒီအလုပ်သမား ဖွဲ့စည်းဥပဒေဆိုတာကို အကောင်အထည် ဖော်လို့ရမယ်။ အဲတော့ ၂၀၁၂ ခုထဲမှာ ခုနက ဥပဒေပါအတိုင်း အလုပ်သမား အဖွဲ့အစည်းတွေ ဖွဲ့စည်းခွင့်ရမယ်။ သို့သော်လည်းပဲ အခုအလုပ်သမားများက အခုစပြီးတော့ အားတက်သရောနဲ့ စဖွဲ့ချင်ကြတယ်။ အဲဒီအခါမှာ ဥပဒေက နည်းဥပဒေ မပြီးသေးတဲ့အတွက် ဖွဲ့လို့တော့ မရသေးပါဘူး။ အဲဒါကြောင့် ပြီးခဲ့တဲ့ရက်ပိုင်းက ကျနော်ဦးဆောင်ပြီး အိုင်အယ်အိုက မစ္စတာ စတိမာရှယ်တို့နဲ့ ပေါင်းပြီးတော့ စက်ရုံအလုပ်ရုံတွေမှာ ဒီဥပဒေကို နားလည် သဘောပေါက်အောင် တက်ပြီးတော့ ဟောပြောဆွေးနွေးတာတွေ ရှင်းလင်း ပြောပြနေပါတယ်။”

ဟုတ်ကဲ့၊ ဥပဒေဆိုတာက ထုတ်ထားပြီးသား ဥပဒေကို ပြောတာပေါ့နော်။

“ထုတ်ပြန်ထားပြီးသား ဥပဒေကို ကျနော်တို့ လိုက်ရှင်းနေပြီ။ ဘယ်လိုဖွဲ့စည်းလို့ ရမယ်။ အလုပ်သမားတွေက ဖွဲ့စည်းလို့ရသလို အလုပ်ရှင်တွေကလည်း ဖွဲ့စည်းလို့ရတယ်ဆိုတဲ့ အကြောင်းတွေကို ကျနော်တို့ သေချာ ရှင်းပြနေပါတယ်။ နောက်ပြီးတော့ ကျနော်တို့ ဥပဒေ ၂၀၁၂ ခုနှစ်ထဲမှာ နည်းဥပဒေပြီးလို့ အတည်ဖြစ်တဲ့အချိန် ဖွဲ့လို့ရပြီဆိုတဲ့ အချိန်မှာ စနစ်တကျ ဖွဲ့စည်းနိုင်အောင် ရည်ရွယ်ပြီးတော့ ကျနော်တို့က ဒါတွေကို ကြိုပြီးတော့ လေ့လာရမယ့်အချိန်လို့ ကျနော်တို့က လုပ်ယူတာ ဖြစ်ပါတယ်။”

ဆိုလိုတာက ၂၀၁၂ ထဲက နှစ်အစောပိုင်းလောက် ဖြစ်နိုင်မလား။

“နှစ်အစောပိုင်းလောက်တော့ ဖြစ်နိုင်ကောင်း ဖြစ်နိုင်ပါတယ်။”

နောက်တချက်က ပြီးတဲ့ရက်ပိုင်းကပဲ ထုတ်ထားတဲ့ ပြည်ပရောက် မြန်မာအလုပ်သမားတွေ အခွန်ကင်းလွတ်ခွင့်ဆိုတာ ၀န်ကြီး နည်းနည်းရှင်းပြပါလား။

“ပြန်ပို့ငွေ ၁၀ ရာခိုင်နှုန်း ကျနော်တို့ကောက်တယ်။ ၂ ရာခိုင်နှုန်း ကောက်တယ်။ အခု ၂ ရာခိုင်နှုန်းလည်း မကောက်တော့ဘူး။ အလုပ်သမားတွေ ငွေကို လွတ်လွတ်လပ်လပ် ပြန်ပို့လို့ရပြီဆိုတဲ့ အနေအထား ဖြစ်ပါတယ်။”

ဟုတ်ကဲ့။ အဲဒါက အလုပ်သမား အလုပ်လုပ်ခွင့် ပါမစ်နဲ့ ထွက်လာတဲ့သူတွေကို ပြောတာလား။

“မှန်ပါတယ်။ ကျနော်တို့ ထိုင်းထဲမှာဆိုရင် ပထမတုန်းကတော့ ပါမစ်မပါဘူး။ နောက်ကျတော့ ကျနော်တို့တွေ ယာယီပတ်စပို့တွေ လိုက်လုပ်ပေးနေတယ်။ အဲဒီ ယာယီပတ်စပို့တွေ၊ ရိုးရိုးပတ်စ်ပို့ ရှိတဲ့လူတွေအားလုံး အကျုံးဝင်ပါတယ်။ ဇန်န၀ါရီကစပြီးတော့ ကင်းလွတ်ခွင့်ပြုပြီလေ။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013