DVB Logo
Home
မြန်မာသတင်း
ကျပ် ၅၀၀ တန်ထီ အက္ခရာ အလုံး ၃၀ ဖြင့်ရောင်းချဖွင့်လှစ်မည်
DVB
·
February 27, 2017
ကျပ် ၅၀၀ တန်ထီ အက္ခရာ အလုံး ၃၀ ဖြင့်ရောင်းချဖွင့်လှစ်မည်
Donate to DVB

ပထမအကြိမ် ကျပ် ၅၀၀ တန် ထီလက်မှတ်များကို မတ်လ ၁ ရက်ကစလို့ ရောင်းချပေးသွားမှာဖြစ်ပြီး ‘က’ အက္ခရာကနေ ‘သ’ အက္ခရာထိ အက္ခရာ အလုံး ၃၀ ပါဝင်မှာ ဖြစ်ပါတယ်။

ဒါ့အပြင် ‘ကက’ အက္ခရာနဲ့လည်း အရန်ထီအဖြစ် ရောင်းချပေးမှာဖြစ်ပြီး အမြင့်ဆုံးထီဆု ကျပ်သိန်း ၁၀၀၀၀၊ ကျပ်သိန်း ၅၀၀၀ နဲ့ ကျပ်သိန်း ၁၀၀၀ ဆုများ ပါဝင်ပြီး အနိမ့်ဆုံးဆုက ကျပ် ၅၀၀၀၀ ဖြစ်တယ်လို့ အောင်ဘာလေသိန်းဆုဌာနခွဲက ကြေညာပါတယ်။

အခု စတင်ဖွင့်လှစ်မယ့် ၅၀၀ တန်ထီကို ဧပြီ ၁ ရက်မှာ ဆုဖွင့်ပေးမှာ ဖြစ်ပါတယ်။

ဖွင့်လက်စ ကျပ် ၂၀၀ တန် ထီကိုလည်း ဆက်လက်ရောင်းချပေးမှာဖြစ်ပြီး ‘က’ အက္ခရာကနေ ‘ဂ’ အက္ခရာအထိသာ ဖွင့်လှစ်ရောင်းချပေးတော့မှာ ဖြစ်ပါတယ်။

၁၉၃၈ခုနှစ်ကတည်းက စတင်ဖွင့်လှစ်ရောင်းချခဲ့တဲ့ အောင်ဘာလေထီကနေ အစိုးရက အခွန် ၃၁ ရာခိုင်နှုန်းပဲ ရတယ်လို့ မကြာသေးခင်က လုပ်ခဲ့တဲ့ ပြည်သူ့လွှတ်တော်အတွင်း ဘဏ္ဍာအခွန်ဌာနက ရှင်းလင်းပြောကြားခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013