DVB Logo
Home
မြန်မာသတင်း
မြို့ကြီးအချို့တွင် ကျွမ်းကျင်လုပ်သား သင်တန်းများ ဖွင့်လှစ်မည်
DVB
·
February 26, 2017
မြို့ကြီးအချို့တွင် ကျွမ်းကျင်လုပ်သား သင်တန်းများ ဖွင့်လှစ်မည်
Donate to DVB

ကျွမ်းကျင်လုပ်သားရရှိဖို့ လုပ်သားကျွမ်းကျင် သင်တန်းပေးတာတွေကို ရန်ကုန်မြို့အပြင် မန္တလေးမြို့နဲ့ တခြားမြို့ကြီးတွေမှာပါ သင်တန်းတွေ ဖွင့်လှစ်သွားမယ်လို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်ဦးမျိုးအောင်က ပြောပါတယ်။

ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပုဂ္ဂလိကဏ္ဍ ပူးပေါင်း ဆောင်ရွက်မှု အားကောင်းလာစေဖို့ ဖေဖော်ဝါရီ ၂၆ ရက်က UMFCCI အသင်း ချုပ်မှာပြုလုပ်တဲ့ ဆွေးနွေးပွဲမှာ ပြောဆိုခဲ့တာပါ။

အလုပ်သမားဝန်ကြီးဌာနက ဦးစီးပြီး ပြုလုပ်ပေးနေတဲ့ လုပ်သားကျွမ်းကျင်မှု အသက်မွေးဝမ်းကျောင်း သင်တန်းတွေကို နိုင်ငံတကာကအကူအညီနဲ့ ဆောင်ရွက်နေတာဖြစ်ပြီး၊ မြန်မာနိုင်ငံမှာ အသက် ၅ နှစ်က နေ ၁၇ နှစ်အတွင်း ကျောင်းမနေဘဲ အလုပ်လုပ်ကိုင်နေတဲ့ ကလေးလုပ်သား(၁)သန်းခွဲလောက်ရှိနေတယ်လို့ ဆွေးနွေးပွဲမှာ ပြောဆိုခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013