DVB Logo
Home
မြန်မာသတင်း
သစ်တင် ထော်လာဂျီနှင့် ဆိုင်ကယ်တိုက်၊ ၁ ဦး သေဆုံး
DVB
·
February 26, 2017
သစ်တင် ထော်လာဂျီနှင့် ဆိုင်ကယ်တိုက်၊ ၁ ဦး သေဆုံး
Donate to DVB

ပဲခူးတိုင်းဒေသကြီး လက်ပံတန်းမြို့နယ် ကျွန်းကလေး-မှော်အင်း လမ်းပေါ်မှာ သစ်တင်လာတဲ့ ထော်လာဂျီနဲ့ မျက်နှာချင်းဆိုင်ကနေ မောင်းနှင်လာတဲ့ ဆိုင်ကယ်တိုက်မိတာကြောင့် ဆိုင်ကယ်မောင်းသူ သေဆုံးသွားပါတယ်။

ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၂၅ရက်နေ့ ည၉နာရီအချိန်ခန့်တွင် မြေစီးအုပ်စု ဖိုးခေါင်စုရွာအနီး ကျွန်းကလေး-မှော်အင်း လမ်း မိုင်တိုင်အမှတ် ၂/၄နဲ့ ၂/၅အကြားမှာ ကျွန်းကလေးဘက်က မှော်အင်းကျေးရွာဘက်ကို မောင်းနှင်လာတဲ့ ဆိုင်ကယ်နဲ့ မျက်နှာချင်းဆိုင်ဘက်မှ သစ်တွေတင်ဆောင်မောင်းနှင်လာတဲ့ ထော်လာဂျီတို့ မျက်နှာချင်းဆိုင်ဝင်ရောက် တိုက်မိတာကြောင့် ဆိုင်ကယ်မောင်းနှင်သူ ကိုစိုးသူဟာ အခင်းဖြစ်နေရာမှာ သေဆုံးသွားကြောင်း လက်ပံတန်းမြို့နယ် မြို့မရဲခန်း တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

"ဒီအမှုကို ကျနော်က တရားလိုလုပ်ပြီး အမှုဖွင့်တိုင်တန်းထားပါတယ်။ ထော်လာဂျီမောင်းသူ အောင်မျိုးဦးကိုလည်း လက်ပံတန်းမြို့မရဲစခန်းက ယာဉ်(ပ)၁၂/၂၀၁၇အရ အမှုဖွင့်ပြီး ရာဇသတ်ကြီးပုဒ်မ ၃၀၄- က နဲ့ အရေးယူဆောင်ရွက်နိုင်ဖို့ ဆောင်ရွက်နေပါတယ်" လို့ ဒုရဲအုပ် ကြည်ဇေက ပြောပါတယ်။

သတင်း-ဝဏ္ဏထွန်း CJ

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013