DVB Logo
Home
မြန်မာသတင်း
လက်ပံတောင်း သီးနှံလျော်ကြေးရရှိရေး ၀မ်ပေါင်နှင့် စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဆွေးနွေးမည်
DVB
·
February 26, 2017
လက်ပံတောင်း သီးနှံလျော်ကြေးရရှိရေး ၀မ်ပေါင်နှင့် စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဆွေးနွေးမည်
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က လက်ပံတောင်းတောင် ဒေသခံတွေ သီနှံလျော်ကြေးရရှိရေးအတွက် ဝမ်ပေါင်ကုမ္ပဏီနဲ့ ဆွေးနွေးသွားမယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဖေဖော်ဝါရီလ ၂၅ ရက်က မုံရွာမြို့ တိုင်းဒေသကြီး အစိုးရရုံးမှာ ဝန်ကြီးချုပ်နဲ့ လက်ပံတောင်းတောင် ဒေသခံတွေ တွေ့ဆုံခဲ့ပြီး ဝန်ကြီးချုပ်အနေနဲ့ ဒေသခံတွေရဲ့ သီးနှံလျော်ကြေးကိစ္စတွေကို ဖြေရှင်းပေးဖို့ ၅ ရက် အတွင်းဝမ်ပေါင် ကုမ္ပဏီနဲ့ ဆွေးနွေးသွားမှာ ဖြစ်ကာ ဆွေးနွေးမှု အဆင်မပြေပါက ပြည်ထောင်စုအဆင့်ထိ တင်ပြပေးသွားမယ်လို့ ပြောပါတယ်။

သီးနှံလျော်ကြေးကိစ္စအတွက် ညှိနှိုင်းဆောင်ရွက်ဆဲ အခြေအနေဖြစ်တာကြောင့် ဆွေးနွေးပွဲကို တံခါးပိတ် ဆွေးနွေးခဲ့တာ ဖြစ်ပြီး မီဒီယာတွေ သတင်းရယူခွင့်မရရှိခဲ့ပါဘူး။

တွေ့ဆုံဆွေးနွေးရာမှာ လက်ပံတောင်းတောင် ဒေသခံတွေဘက်က နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ စုံစမ်းစစ်ဆေးရေး ကော်မရှင် အစီရင်ခံစာ အတိုင်း အစာထိုးမြေဧက ၁၉၀၀ ကို အမြန်ဆုံးဖော်ထုတ်ပေးရေး၊ မြေယာလျော်ကြေး မယူထားတဲ့ သိမ်းဆည်းခံမြေယာတွေအတွက် နစ်နာနေတဲ့ တောင်သူတွေကို နှစ်စဉ် သီးနှံလျော်ကြေးပေးရေ၊ စတဲ့ အချက်၎ ချက်ကို တောင်းဆိုထားပါတယ်။

သီးနှံလျော်ကြေးရရှိရေးအတွက် ဒေသခံတွေက ဝမ်ပေါင် ကုမ္ပဏီကားတွေကို တားမြစ်ခဲ့တာနဲ့ပတ်သက်ပြီး ဒေသခံ ၂၅ ဦးကို အမှုဖွင့်ထားလို့ ဒေသခံတွေက ပြန်လည်ရုပ်သိမ်းပေးဖို့ ဆွေးနွေးပွဲမှာ တောင်းဆိုခဲ့ပေမယ့် ရုပ်သိမ်းပေးမှာ မဟုတ်ဘဲ တရားဥပဒေအတိုင်း ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013