DVB Logo
Home
မြန်မာသတင်း
ဆီဆိုင်မြို့မဈေး ဖုန်းဆိုင်တခု ဖောက်ထွင်းခံရ
DVB
·
February 25, 2017
ဆီဆိုင်မြို့မဈေး ဖုန်းဆိုင်တခု ဖောက်ထွင်းခံရ
1 / 5
Donate to DVB

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြိုမဈေး ဖုန်းဆိုင်မှာ မနေ့ည သန်းခေါင်ကျော် အချိန်မှာ အဖောက်ခံရပြီး လက်ကိုင်ဖုန်း ၃၁ လုံး ခိုးယူမှုဖြစ်ပွားခဲ့ပါတယ်။

"မနေ့ညသန်းခေါင်ယံကျော် ၂ နာရီ ဝန်းကျင်မှာ ဈေးတွင်းက ဦးကျော်ရှည်ဖုန်းဆိုင်မှာ ဖောက်ပြီး ဖုန်းအမျိုးအစားစုံ ၃၁ လုံး ခိုးယူသွားတယ်၊ ဈေးစောင့်ကိုတော့ ရဲကစစ်မေးပေမယ့် ဆိုင်ရှင်က အမှုမဖွင့်ဘူး" လို့ ဒေသခံတစ်ဦးကပြောပါတယ်။

အောင်ချမ်းသာရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစံဝင်းမောင်က "ကျနော်တို့ဒေသမှာ မူးယစ်ဆေးဝါးသုံးစွဲသူ အရမ်းများတယ်၊ အခုခိုးယူမှုကလည်း ငွေကြေးအလွယ်တကူရနိုင်တဲ့ဟာမျိုးကို ခိုးယူတယ်၊ လေးလံတဲ့ပစ္စည်းဆိုမယူဘူး၊ ဒါကြောင့်လည်း ခိုးယူပုံစံကြည့်ပြီး မူးယစ်ဆေးဝါးသုံး စွဲသူလို့ ယူဆလို့ရပါတယ်။ အခုဆိုင်ရှင်က အမှုမဖွင့်တော့ ဒုစရိုက်မှု ပိုမိုဖြစ်ပွားနိုင်တယ်လို့" ပြောပါတယ်။

ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသ ဆီဆိုင်မြိ့မှာ ၂ လအတွင်း ဆိုင်ဖောက်ခိုးယူမှု သုံးကြိမ်ဖြစ်ပွားပြီး သုံးကြိမ်လုံး အမှုမဖွင့်ခဲ့ဘူးလို့ ဒေသခံတဦးက ပြောပါတယ်။

"အမှုကို ဘယ်လိုဖွင့်ရမယ်ဆိုတာ သိနားလည်မှုမရှိသလို၊ အမှုဖွင့်ရင် ထူးခြားမှုမရှိဘဲ တရားရုံးကို အချိန်ကုန်သွားရသလို ငွေကြေးလည်းကုန်တာကြောင့် အမှုတွေမဖွင့်ကြဘူးထင်တယ်" လို့ ဒေသခံ ဦးမောင်စိုးကပြောပါတယ်။

ဆိုင်ဖောက်ခိုးယူမှုဟာ ဒီတကြိမ်နဲ့ဆို သုံးခါရှိပြီဖြစ်ပေမယ့် လက်ရှိအမှုဖွင့်မရှိသေးကြောင်း၊ မနေ့ညက ဖောက်ထွင်းမှုမှာ ကာလတန်ဖိုးကျပ် သိန်းသုံးဆယ်လောက် တန်ဖိုးရှိတဲ့ လက်ကိုင်ဖုန်း ၃၁ လုံးကို ခိုးယူသွားတာလို့ သိရပါတယ်။

သတင်းဓာတ်ပုံ - ခွန်ရာဇာ

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013