DVB Logo
Home
မြန်မာသတင်း
အန်စီအေတွင် လက်မှတ်မထိုးဘဲ ၀ တပ် ဦးဆောင်မှုဖြင့် နိုင်ငံရေးဆွေးနွေးမည်
DVB
·
February 25, 2017
အန်စီအေတွင် လက်မှတ်မထိုးဘဲ ၀ တပ် ဦးဆောင်မှုဖြင့် နိုင်ငံရေးဆွေးနွေးမည်
Donate to DVB

အန်စီအေ မှာ လက်မှတ်မထိုးဘဲ ၀ တပ်ဖွဲ့ရဲ့ ဦးဆောင်မှုနဲ့ နိုင်ငံရေးဆွေးနွေးဖို့ အပစ်မရပ် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တို့ရဲ့ ပန်ခမ်းစည်းဝေးပွဲက ဆုံးဖြတ်လိုက်ပါတယ်။

ဖေဖော်ဝါရီ ၂၄ ရက်က ထုတ်ပြန်ခဲတဲ့ တတိယအကြိမ် ပန်ခမ်းစည်းဝေးပွဲ ကြေညာချက်မှာ ခုလို ဖော်ပြခဲ့တာဖြစ်ပြီး အစိုးရက အန်စီအေမှာ လက်မှတ်ထိုးပြီး နိုင်ငံရေးဆွေးနွေးဖို့ ဖိတ်ခေါ်ထားတာ ဖြစ်ပါတယ်။

ဝတပ်ဖွဲ့က ကမကထပြု ကျင်းပခဲ့တဲ့ ပန်ခမ်းစည်းဝေးပွဲကနေ အစိုးရက ပင်လုံစာချုပ်နေရာမှာ အန်စီအေ နဲ့ အစားထိုးဖို့ ရည်ရွယ် လုပ်ဆောင်နေတာကို လက်မခံကြောင်း အပါအ၀င် အချက် ၉ ချက်ကို သဘောတူခဲ့ကြပါတယ်။

ဒီထဲ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ကုလသမဂ္ဂနဲ့ တရုတ်နိုင်ငံတို့က ကြီးကြပ်သူများအဖြစ် ကြားဝင်လုပ်ဆောင်ပေးဖို့လည်း တောင်းဆိုထားပါတယ်။

နိုင်ငံတော်သမ္မတရုံးပြောခွင့်ရ ဦးဇော်ဌေးက ပန်ခမ်း ကြေညာချက်ဟာ အစိုးရ သွားနေတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေတဲ့ သဘောဖြစ်နေတယ်လို့ ပြောပါတယ်။

“ဒီဘက်က သွားနေတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ လမ်းကြောင်းကို မလိုက်ဘူး ဆိုတဲ့ သဘော သက်ရောက်နေတယ်လို့ ယူဆပါတယ်။ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေတဲ့ သဘော ဖြစ်တယ်။ အဲ့ဒီတော့ အားလုံး သဘောတူညီချက် လုပ်ထားတာသည် တပ်မတော်နဲ့ နိုင်ငံရေးပါတီတွေ အပါအ၀င် ၃ ပွင့်ဆိုင်နဲ့ သွားနေတာ ဖြစ်တယ်။ အဲ့ဒါက ဘယ်အထိလည်းဆိုရင် လိုအပ်ရင် ဖွဲ့စည်းပုံအခြေခံဥပေဒကို ပြင်ဆင်မ။ယ်”

ပန်ခမ်းကြေညာချက်ထဲမှာတော့ ၀ တပ်ဖွဲ့က ကမကထပြုပြီး အစိုးရနဲ့ ဆွေးနွေးမယ့် နိုင်ငံရေးဆွေးနွေးရေးအဖွဲ့ ဖွဲ့စည်းမယ်လို့ ပါရှိပါတယ်။

ဒီအပေါ်မှာတော့ သမ္မတရုံးက လက်ရှိ အစိုးရရဲ့ ပေါ်လစီက တွေ့ဆုံဆွေးနွေးညှိနှိုင်း အဖြေရှာရေးပဲ ဖြစ်တယ်လို့ ပြောပါတယ်။

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်က ဦးစိုင်းညွန့်လွင်ကတော့ ပန်ခမ်းကြေညာချက်ပါ ဆွေးနွေးမယ်ဆိုတဲ့အချက်အပေါ် နည်းလမ်း ရှာဖွေသင့်တယ်လို့ ပြောပါတယ်။

“နည်းလမ်းအသစ်ကို သူတို့ ထပ်ရှာတာပေါ့ဗျာ။ အစိုးရဘက်ကတော့ လက်ခံနိုင်ဘွယ် မရှိဘူး။ အထူးသဖြင့် တပ်မတော်ဘက်က လက်ခံနိုင်ဘွယ် မရှိဘူး။ ဒါပေမယ့် ကောင်းတဲ့အချက် တချက်ကတော့ သူတို့က လမ်းစအသစ် ရှာတယ် ဆိုပေမယ့် ဆွေးနွေးပွဲ လမ်းစဉ်ကိုပဲ ပြန်သွားမယ် ဆိုတယ်လေ။ သူက ဆွေးနွေးပွဲကို ပစ်ပယ်တာ မဟုတ်တဲ့အတွက် ကြိုဆိုသင့် မသင့် တော့ မသိဘူး။ ဒါ ဒီလမ်းကိုတော့ ရှာဖွေ သင့်တယ်၊ကျေ နာ့်စိတ်ထဲမှာ သိပ်မကြိုက်တဲ့ တချက်ကတော့ တရုတ်ရဲ့ သြဇာ လွှမ်းမိုးမှု သိပ်များနေသလားလို့။“

ဖေဖော်ဝါရီ ၂၂ ကနေ ၂၄ ရက်အထိ လုပ်ခဲ့တဲ့ ပန်ခမ်းစည်းဝေးပွဲကို ကေအိုင်အို၊ တီအန်အလ်ယ်အေ၊ အမ်ဒီအေအေ၊ အေအေ စတဲ့ မြောက်ပိုင်းတပ်ဖွဲ့များ အပါအ၀င် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့ ၇ ခုက ကိုယ်စားလှယ် ၄၀ လောက် တက်ရောက် ဆွေးနွေးခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013