DVB Logo
Home
မြန်မာသတင်း

သားငယ်ကို ရေနှစ်သတ်ရန်ကြံစည်မှုမှ ကာကွယ်ပေးခဲ့သည့် မိခင်မြင်းကျား (ရုပ်သံ)

DVB
·
February 25, 2017
သားငယ်ကို ရေနှစ်သတ်ရန်ကြံစည်မှုမှ ကာကွယ်ပေးခဲ့သည့် မိခင်မြင်းကျား (ရုပ်သံ)
Donate to DVB

မြင်းကျားအထီးတကောင်ဟာ မြင်းကျားပေါက်ကလေးတကောင်ကို ရေနှစ်သတ်ဖို့ ကြံစည်ခဲ့ချိန်မှာ အနီးနားက မိခင်ဖြစ်သူ မြင်းကျားမကြီးက ကယ်တင်ဖို့ ကြိုးစားခဲ့ရပါတယ်။

ဒီအဖြစ်အပျက်ဟာ နမီးဘီးယားနိုင်ငံ၊ အက်တိုရှာ အမျိုးသားဥယျာဉ်တွင်းမှာ ဖြစ်ခဲ့ပြီး ကမ္ဘာလှည့်ခရီးသွားအုပ်စုတခုက မှတ်တမ်းတင် ရိုက်ကူးထားနိုင်ခဲ့တာပါ။

ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ စိတ်ဆိုးဒေါသထွက်နေတဲ့ မြင်းကျားအထီးဟာ ရေထဲမှာ မြင်းကျားပေါက်ကလေးတကောင်ရဲ့ ခြေထောက်ကို ကိုက်ချီပြီး ဦးခေါင်းကို ရေထဲနှစ်မြုပ်ဖို့ ကြိုးစားနေခဲ့တာ တွေ့ရပါတယ်။

ကမ်းပေါ်မှာတော့ မိခင်ဖြစ်သူ မြင်းကျားမကြီးနဲ့ တခြားမြင်းကျားတကောင်ပါ ရှိနေခဲ့ပြီး ဘာမှ မလုပ်သာအောင် ရှိနေခဲ့ရတာပါ။

မိခင် မြင်ကျားမကြီးဟာ မြင်းကျားအထီးအနီးကို ချဉ်းကပ်လာခဲ့ပြီး သားငယ်ကို ကယ်တင်နိုင်ဖို့ ကြိုးစားခဲ့တာ တွေ့ရပါတယ်။

အဲဒီနောက် ရုတ်တရက်ပဲ သူဟာ မြင်းကျားအထီးကို ကိုက်ဟပ်လိုက်ကာ သူ့ရဲ့လမ်းကြောင်းကို ပြောင်းဖို့ ကြိုးစားခဲ့တာပါ။

အဲဒီအချိန်မှာပဲ မြင်းကျားငယ်ကလေးဟာ ရေထဲကနေ ခုန်ထွက်ပြေးဖို့ အခွင့်အရေးရခဲ့ကာ ကမ်းပေါ်ကို ခုန်တက်ပြေးခဲ့ရတာပါ။

ဒါပေမယ့် မြင်းကျားအထီးဟာ ကုန်းပေါ်မှာပါ မြင်းကျားငယ်ကို ဦးခေါင်းနဲ့ ဝှေ့ပြီး တိုက်ခိုက်ဖို့ ကြိုးစားခဲ့ချိန်မှာ မိခင်ဖြစ်သူ မြင်းကျားမကြီးနဲ့ ထိပ်တိုက်ရင်ဆိုင်ပြီး တိုက်ခိုက်ခဲ့ကြတာကို တွေ့ရပါတယ်။

အဲဒီနောက်တော့ မြင်းကျားငယ်ဟာ ခြုံပုတ်တခုနောက်ကို ပြေးသွားခဲ့ပြီး လွတ်မြောက်သွားခဲ့တာပါ။

ရုပ်သံဗွီဒီယိုဖိုင်ကို ရိုက်ကူးခဲ့သူ ဒန်နီယယ်လ် ဒဂျာနန်က “စစချင်း ခုလိုတွေ့ရချိန်မှာတော့ ကျနော် ရှော့ခ်ရသွားတယ်။ နောက်တော့ ဒါ သဘာဝပါပဲလို့ တွေးလိုက်ပါတယ်” လို့ ပြောပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013