ချမ်းမြသာစည်မြို့နယ်တွင် မီးလောင်၊ နေအိမ် ၁ လုံးနှင့်ဆိုင်ခန်း ၅ ခန်း ဆုံးရှုံး
DVB
·
February 25, 2017
မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် မနော်ဟရီလမ်း ၆၄ လမ်းနဲ့ ၆၅ လမ်းကြားရှိ အသဲပန်း အလှပြုပြင်ရေးဆိုင်အနီးမှာ ဒီကနေ့ မနက် ၄ နာရီ ၁၀ မိနစ်က မီးလောင်မှုတခုဖြစ်ပွားခဲ့ပါတယ်။
အဲဒီ မီးလောင်မှုကို မီးသတ်တပ်ဖွဲ့က level 2 အဆင့်သတ်မှတ်ပြီး မီးသတ်ကား ၃၀ ကျော် မီးသတ်အင်အား ၁၄၀ ကျော်နဲ့အတူ လူမှုရေးအသင်းအဖွဲ့တွေကပါ ၀ိုင်းဝန်းငြှိမ်းသတ်ခဲ့ကြပါတယ်။
မနက် ၄ နာရီ မိနစ် ၄၀ လောက်မှာ မီးငြိမ်းသတ်နိုင်ခဲ့ပြီး နေအိမ် ၁ လုံးနဲ့ ဆိုင်ခန်း ၅ ခန်း မီးလောင်ပျက်စီးသွားခဲ့ပါတယ်။ မီးလောင်မှုကြောင့် ကျပ် ၆၇ သိန်းကျော် ဆုံးရှုံးခဲ့တယ်လို. သိရ ပါတယ်။