DVB Logo
Home
မြန်မာသတင်း
ဖျက်သိမ်းခံရမှာကို စိုးရိမ်နေရသည့် အခမဲ့ဆေးကု ယာယီတဲကလေး - (သတင်းဓာတ်ပုံ)
DVB
·
February 25, 2017
ဖျက်သိမ်းခံရမှာကို စိုးရိမ်နေရသည့် အခမဲ့ဆေးကု ယာယီတဲကလေး - (သတင်းဓာတ်ပုံ)
1 / 3
Donate to DVB

ပခုက္ကူမြို့နယ် မြင်းဝန်းကျေးရွာက သက်ကြီးဘိုးဘွားတွေကို အခမဲ့ ဆေးကုသမှုပေးနေတဲ့ ယာယီတဲကလေး ဖျက်သိမ်းခံရမှာကို ဒေသခံတွေက စိုးရိမ်နေကြပါတယ်။

ဆေးခန်းမြေနေရာကို လှူဒါန်းခဲ့သူ ဦးကျော်မိုးနိုင်ကို လယ်ယာမြေပေါ်မှာ တဲဆောက် ပြီး တခြားကိစ္စတွေသုံးစွဲတာကို သက်ဆိုင်ရာက တားမြစ်ခဲ့ပြီး ဖေဖော်ဝါရီ ၂၈ ရက်မှာ အပြီးဖျက်သိမ်းဖို့ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုကော်မတီရှေ့မှာ လက်မှတ်ထိုးထားရတာကြောင့် ဒီဆေးခန်းလေး ပျက်မှာ စိုးရိမ်နေကြတာပါ။

ဒီဆေးခန်းလေးမှာ မြင်းဝန်းကျေးရွာတွင်းက သက်ကြီး ၁၀၀ ကျော်ကို လစဉ် ဆေးကုသမှုပေးဖို့ ရွာသားတွေက စီစဉ်နေကြပြီး လောလောဆယ် တကြိမ် ကုသပေးနိုင်ခဲ့ပြီးဖြစ်ပါတယ်။

မြင့်နိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013