DVB Logo
Home
မြန်မာသတင်း
မဟာအောင်မြေမြို့နယ်တွင် တိတ်ဖြင့်ပတ်ထားသည့် ကျောင်းသားအလောင်း တွေ့ရှိ
DVB
·
February 24, 2017
မဟာအောင်မြေမြို့နယ်တွင် တိတ်ဖြင့်ပတ်ထားသည့် ကျောင်းသားအလောင်း တွေ့ရှိ
1 / 3
Donate to DVB

မန္တလေးမြို့ မဟာအောင်မြေမြို့နယ် အကွက် ၃၄၁၊ စိန်ပန်းရပ်ကွက် တာရိမ်းလမ်း၊ သမ္မတကိတ်မုန့်တိုက်လမ်းကြားမှာရှိတဲ့ နေအိမ်တစ်ခုမှာ တိတ်နဲ့ပတ်ပြီး ကြွတ်ကြွတ်အိတ်နဲ့ ထုတ်ထားတဲ့ တက္ကသိုလ်ကျောင်းသား အလောင်းတစ်လောင်းကို ဖေဖော်ဝါရီလ ၂၄ ရက်နေ့ နေ့လယ် ၂ နာရီလောက်က တွေ့ရှိခဲ့ပါတယ်။

အခန်းတခုကို လွန်ခဲ့တဲ့သုံးလလောက်ကစပြီး အသက် ၂၀ ဝန်းကျင်အရွယ် လူငယ်ကျောင်းသားနှစ်ယောက် အတူနေထိုင်ခဲ့ကြတယ်လို့ အခင်းဖြစ်တဲ့အိမ်မှာ အိမ်ငှားနေထိုင်တဲ့ ကိုမောင်အေးက ပြောပါတယ်။

သေဆုံးသူရဲ့ ဦးလေးဖြစ်သူ လာရောက်ရှာဖွေရာကနေ အခုလို သေဆုံးလျက် အနေအထားတွေ့ရှိခဲ့တာပါ။

သေဆုံးသူဟာ မောင်အိမ်သူမောင်ဖြစ်ပြီး ရတနာပုံတက္ကသိုလ် ဒသနိက ပထမနှစ်တက်ရောက်နေတယ်လို့ သိရပါတယ်။

အတူနေသူကို အမှတ်(၇) နယ်မြေရဲစခန်းမှာ စစ်ဆေးနေပြီး သံသယအဆင့်ပဲ ရှိသေးတယ်လို့ မဟာအောင်မြေမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးတင်ထွန်းအောင်က ပြောပါတယ်။ အလောင်းကိုတော့ ဆေးရုံကြီး ပို့ဆောင်ပြီး ဒဏ်ရာရှိမရှိစစ်ဆေးနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

သတင်းဓာတ်ပုံ - အိမ်ခိုင်မြဲ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013