DVB Logo
Home
မြန်မာသတင်း
နွေရာသီ လေပြင်းဘေးအန္တရာယ်  ကြိုတင်ပြင်ဆင်ရန် သတိပေးနှိုးဆော်
DVB
·
February 24, 2017
Donate to DVB

လာမယ့် နွေရာသီမှာ ဖြစ်ပေါ်လာနိုင်တဲ့  လေပြင်းတိုက်ခတ်မှုတွေကြောင့် ပျက်စီးဆုံးရှုံးမှု လျော့နည်း သက်သာစေရေး ကြိုတင်ပြင်ဆင်ကြဖို့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနက အကြံပြုတိုက်တွန်းလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ နှစ်စဉ် မတ်၊ ဧပြီ၊ မေလတွေမှာ မိုးတိမ်တောင်တွေ ဖြစ်ပေါ်ပြီး လေပြင်း တိုက်ခတ်၊ မိုးသည်းထန်စွာရွာသွန်း၊ မိုးကြိုးပစ်၊ မိုးသီးကြွေတာတွေဖြစ်လေ့ရှိသလို အခုနှစ်မှာလည်း အလားတူ ဖြစ်ပွားနိုင်တဲ့အတွက် ကြိုတင်ပြင်ဆင်ကြဖို့ ပန်ကြားချက် ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

ပြည်သူတွေအနေနဲ့ မိုးသက်လေပြင်းတွေတိုက်ခတ်ပါက လယ်ကွင်းပြင်ထဲမှာ နေထိုင်တာ တွေကို ရှောင်ရှားကြဖို့၊ တတ်နိုင်သလောက် အိမ်ထဲမှာနေထိုင်ဖို့၊ မဖြစ်မနေ အပြင်ထွက်ရရင် ဦးထုပ်အမာဆောင်းကာ အ၀တ်ထူထူဝတ်ဆင် အကာအကွယ်ယူဖို့ အကြံပြုပါတယ်။

ဒါ့အပြင် မိုးရွာ၊ မိုးခြိမ်း၊ လျှပ်စီးလက်နေချိန်တွေမှာ တယ်လီဖုန်း မသုံးဖို့ ၊ တီဗွီ၊ ရေဒီယို၊ လျှပ်စစ် ထမင်းအိုး၊ မီးပူ၊ ကွန်ပြူတာ စတဲ့ လျှပ်စစ်ပစ္စည်းတွေ ခလုပ်ပိတ် ပလပ်ဖြုတ်ထားဖို့ ၊ သစ်ပင်တွေနဲ့ ဓာတ်တိုင် တွေအနီးနားမနေကြဖို့လည်း တိုက်တွန်းပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်တုန်းက ဖြစ်ပေါ်ခဲ့တဲ့ လေပြင်းတိုက်၊ မိုးသီးကြွေကျမှုတွေကြောင့် မြန်မာနိုင်ငံတ၀န်း မြို့နယ်ပေါင်း ၅၉ မြို့နယ်ရှိ လူပေါင်း ၁ သိန်းခွဲလောက် ဘေးဒုက္ခတွေ့ခဲ့ရပြီး ၄၀ ကျော် သေဆုံးဒဏ်ရာရခဲ့တယ်လို့ လူကယ်ပြန်ဌာနထုတ်ပြန်ချက်အရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013