DVB Logo
Home
မြန်မာသတင်း
ရှမ်းပြည်နယ် ကြားဖြတ်ရွေးကောက်ပွဲ စောင့်ကြည့်ရန်ဖိတ်ခေါ်
DVB
·
February 24, 2017
ရှမ်းပြည်နယ် ကြားဖြတ်ရွေးကောက်ပွဲ စောင့်ကြည့်ရန်ဖိတ်ခေါ်
Donate to DVB

ရှမ်းပြည်နယ်အတွင်းက မိုင်းရှူး၊ ကျေးသီးမြို့နယ်တွေမှာ လက်နက်ကိုင်အဖွဲ့တွေနဲ့ အဆက်အသွယ် လုပ်ပြီး အဲဒီအဖွဲ့တွေက တဆင့်ဖိအားပေးမဲထည့်ခိုင်းတယ်ဆိုပြီး စွပ်စွဲပြောဆိုလာမှာတွေကို စိုးရိမ်မှု ရှိတယ်လို့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးစိုင်းညွန့်လွင်က ဒီဗွီဘီကို ပြောပါတယ်။

အဆိုပါ ကိစ္စမျိုးတွေ ပေါ်ပေါက်လာနိုင်တဲ့ အလားအလာကို ကြိုတင်ကာကွယ်တဲ့အနေနဲ့ သံတမန်တွေ၊ မီဒီယာတွေနဲ့ လူထုအခြေပြု အရပ်ဖက်အဖွဲ့အစည်းတွေ စတဲ့  ကြားခံ အဖွဲ့အစည်း တွေအနေနဲ့  ရွေးကောက်ပွဲမတိုင်ခင်၊ ရွေးကောက်ပွဲကျင်းပချိန်နဲ့ ရွေးကောက်ပွဲ ပြီးစီးချိန်ထိ လာရောက်စောင့်ကြည့်ဖို့ ပါတီက ကြေညာချက်ထုတ်ပြန် ဖိတ်ခေါ်ထားပါတယ်။

ဒီလိုကိစ္စတွေ မဖြစ်ပေါ်အောင်အတွက်လည်း ရွေးကောက်ပွဲဥပဒေတွေကို တိတိကျကျ လိုက်နာဖို့ မှာကြား ထားတယ်လို့လည်း သိရပါတယ်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ဟာ ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲမှာ ရှမ်းပြည်အတွင်းက လစ်လပ်မဲဆန္ဒနယ်တွေဖြစ်တဲ့ ကျေးသီးမြို့နယ်မှာ  ၂နေရာ၊ မိုင်းရှူးမြို့နယ်မှာ ၂နေရာ၊ ကျိုင်းတုံမြို့နယ် မဲဆန္ဒနယ် (၂)၊ ညောင်ရွှေမြို့နယ် မဲဆန္ဒနယ် (၁) တို့မှာ ဝင်ရောက်အရွေးချယ်ခံမှာ ဖြစ်ပါတယ်။

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်နဲ့အတူ ဝင်ရောက်ယှဉ်ပြိုင်မယ့်ပါတီတွေကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊  ကြံ့ခိုင်ရေးပါတီနဲ့ ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီတို့ ဖြစ်ပါတယ်။

ဓာတ်ပုံ- ဦးစိုင်းညွန့်လွင်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013