DVB Logo
Home
မြန်မာသတင်း
နိုင်ငံခြားသားများပါဝင်သည့် မူးယစ်ဆေးဝါးမှောင်ခိုဂိုဏ်းကြီး ဖမ်းမိ
DVB
·
February 24, 2017
နိုင်ငံခြားသားများပါဝင်သည့် မူးယစ်ဆေးဝါးမှောင်ခိုဂိုဏ်းကြီး ဖမ်းမိ
1 / 2
Donate to DVB

 

နိုင်ငံခြားသားတွေ ပါဝင်တဲ့  မူးယစ်ဆေးဝါးမှောင်ခိုဂိုဏ်းကြီးကို ငွေကျပ် သန်းပေါင်း ၄သောင်းကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေနဲ့အတူ ဖော်ထုတ်ဖမ်းဆီးရမိခဲ့တယ်လို့ အစိုးရက သတင်းထုတ်ပြန်ပါတယ်။

16939298_1117773071683891_2482491783308017513_nမြန်မာမူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့က တပ်ဖွဲ့ဝင်တွေဟာ နိုင်ငံခြားသားတွေ ပါဝင်တဲ့ မူးယစ်ဆေးဝါး မှောင်ခိုဂိုဏ်းတခု မူးယစ်ဆေးဝါးအမြောက်အမြားကို ကပ္ပလီ ပင်လယ်ပြင်မှတဆင့် နိုင်ငံတကာဈေးကွက်ကို တင်ပို့ဖို့ စီစဉ်နေကြောင်း သတင်းရလို့ စုံစမ်းထောက်လှမ်းခဲ့ရာမှာ ၂ဝ၁၆ နိုဝင်ဘာ ၁၅ ရက်က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ  ရန်ကုန်-တရုတ် (တိုင်ပေ) လေယာဉ်ခရီးစဉ်နဲ့ လိုက်ပါမယ့် တရုတ် (တိုင်ပေ)နိုင်ငံသား CAI JENG ZE အား ကတ်တမင်း ၁၆ဝ ဂရမ်နဲ့အတူ စတင်ဖမ်းဆီးရမိခဲ့တာလို့ ဆိုပါတယ်။

ဒီနောက် နိုဝင်ဘာ ၁၇ ရက်က ရန်ကုန် မင်္ဂလာတောင်ညွန့်မြို့နယ် စက်ဆန်းရပ်ကွက်မှာ တရုတ် (ဟောင်ကောင်) နိုင်ငံသား HUNG CHING KIN နဲ့  တရုတ် (တိုင်ပေ)နိုင်ငံသားWANG WEI JUNG တို့ရဲ့ ကွန်တိန်နာ မော်တော်ယာဉ်နဲ့ သယ် ဆောင်လာတဲ့ အိုက်စ် ၁၁၁ဝ ကီလို အား လက်ရသိမ်းဆည်းရမိခဲ့ပြီး သင်္ဃန်း ကျွန်းမြို့နယ် ဆယ်သိန်းရပ်ကွက်ရှိနေအိမ်ကို ဆက်လက်ရှာဖွေရာ တရုတ်(တိုင်ပေ)နိုင်ငံသား LIN SHIH CHANGနဲ့  LIN CHENG CHUNတို့ကို  ကတ်တမင်း ၆၂၂ ဒသမ ၃ ကီလိုနဲအတူ ထပ်မံဖော်ထုတ် ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။

အမှုနဲ့ပတ်သက်ပြီး ဆက်စပ်ပါဝင်တဲ့ Lucky Pioneer Co.Ltd, ဒါရိုက်တာ ရန်နိုင်ထွန်းနဲ့ မူးယစ်ဆေးဝါး သယ်ဆောင်ဖို့ ပွဲစားအဖြစ်ဆောင်ရွက်သူ မထွန်းထွန်းဝင်းတို့ကို တာချီလိတ်မြို့မှာ ဖမ်းမိခဲ့သလို နိုင်ငံခြားသားတွေအတွက် မူးယစ်ဆေးဝါးတွေ သယ်ပို့ဖို့ အားပေးကူညီ ဆောင်ရွက် ပေးသူ ရန်ခိုင်းကွဲ့နဲ့ ဇနီး မရန်ရင်ဟွေ့တို့ကို နေထိုင်တဲ့ လားရှိုးမြို့မှာ ဆက်လက်ဖမ်းဆီး ရမိခဲ့တယ်လို့ ဆိုပါတယ်။

မူးယစ်မှောင်ခိုဂိုဏ်းအဖွဲ့ကို ငွေသန်း ပေါင်း ၄၃၃၄၈ ဒသမ ၃၁ တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေ၊ မော်တော်ယာဉ် ၁ဝ စီး၊ ဆိုင်ကယ် ၁ စီး၊ မြန်မာငွေကျပ် ၄ ဒသမ ၈ သိန်း၊ အမေရိကန်ငွေဒေါ်လာ ၉၂၉ဝ၊ တရုတ်ငွေ ၆၇ဝ၄ ယွမ်၊ ဟောင်ကောင် ငွေ ၅ဝဝဝ ဒေါ်လာ၊ ထိုင်ဝမ်ငွေ ၃ဝဝ ဒေါ်လာ၊ ထိုင်းငွေ ၂ဝ၂ဝဘတ်၊ ဖိလစ်ပိုင် ငွေ ၆၅ဝ ပီဆို၊ ရွှေထည်ပစ္စည်း ကိုးမျိုး တို့နဲ့အတူဖမ်းမိခဲ့တယ်လို့ လည်းသတင်းမှာဖော်ပြပါတယ်။

ဖမ်းမိတရားခံတရုတ် (ဟောင်ကောင်) နိုင်ငံသား ၁ ဦး၊ တရုတ် (တိုင်ပေ) နိုင်ငံသား ၄ ဦး၊ မြန်မာနိုင်ငံသား ၄ ဦး၊ ပေါင်း ၉ ဦး၊ တိမ်းရှောင်ထွက်ပြေးနေတဲ့ တရားခံ တရုတ်နိုင်ငံသား ၁ ဦး၊ တရုတ် (တိုင်ပေ) နိုင်ငံသား ၄ ဦး၊ ထိုင်းနိုင်ငံသား ၁ ဦး၊ မြန်မာနိုင်ငံသား ၁ဝ ဦး၊ ပေါင်း ၁၆ ဦးတို့အား သက်ဆိုင်ရာရဲစခန်းအသီးသီးမှာ အမှုဖွင့် အရေးယူထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013