DVB Logo
Home
မြန်မာသတင်း
တရုတ်၌ဖြစ်ပွားနေသည့် ကြက်ငှက်တုပ်ကွေး မြန်မာဘက် ကူးမလာရန် စတင်လုပ်ဆောင်
DVB
·
February 24, 2017
တရုတ်၌ဖြစ်ပွားနေသည့် ကြက်ငှက်တုပ်ကွေး မြန်မာဘက် ကူးမလာရန် စတင်လုပ်ဆောင်
Donate to DVB

တရုတ်နိုင်ငံမှာ ဖြစ်ပွားနေတဲ့ ကြက်ငှက်တုပ်ကွေးရောဂါ (H7N9) နဲ့ပတ်သက်ပြီး မြန်မာနိုင်ငံရဲ့ နယ်စပ်ဒေသတွေမှာ ရောဂါစူးစမ်းမှုတွေ စတင်လုပ်ဆောင်နေပြီလို့ မွေးမြူရေးနဲ့ ကုသရေး ဦးစီးဌာန တာဝန်ရှိသူတဦးက ပြောပါတယ်။

ရောဂါကူးစက်ဖြစ်ပွားမှု မဖြစ်စေဖို့အတွက် ကြက်၊ ငုံးခြံတွေကို ဇီဝလုံခြုံမှု မြှင့်တင်ဖို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနက လူမှုကွန်ရက်စာမျက်နှာကနေ သတိပေးချက် ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ဆောင်းခိုငှက်တွေနဲ့ အိမ်မွေးကြက်၊ ငှက်၊ ဘဲနဲ့ ငုံးတွေကို ဆက်စပ်ထိတွေ့တာတွေ မဖြစ်ဖို့၊ ကြက်၊ ဘဲ၊ ငုံးမွေးမြူရေး ခြံတွေနဲ့ ကြက်ဘဲ အရှင်ဈေးတွေမှာ စနစ်တကျ ပိုးသတ်ဆေးဖြန်းတာတွေကို ပုံမှန်လုပ်ဆောင်ဖို့ မွေးမြူရေးခြံတွေအတွင်း ဝင်ရောက်တဲ့အခါတွေမှာ နှာခေါင်းစည်း၊ လက်အိပ် အကာအကွယ်ပစ္စည်းတွေ စနစ်တကျဝတ်ဆင်ဖို့ သတိပေးနှိုးဆော်ထား ပါတယ်။

ပြည်သူတွေအနေနဲ့လည်း ကြက်ငှက်တွေကို ကိုင်တွယ်ပြီးတိုင်း လက်ကိုဆက်ပြာနဲ့ စင်ကြယ်အောင်ဆေးဖို့၊ အသားနဲ့ ဥတွေကို သေချာချက်ပြုတ်စားသုံးဖို့နဲ့ ကြက်ငှက်တွေ ပုံမှန်မဟုက်ဘဲ ရုတ်တရက်သေဆုံးတာတွေ့ရင် နီးစပ်ရာ အုပ်ချုပ်ရေးအဖွဲ့၊ မွေးမြူရေးနဲ့ ကုသရေးဦးစီးဌာနတွေနဲ့ အသင်းအဖွဲ့တွေကို အမြန်ဆုံး အကြောင်းကြားပေးဖို့ ထုတ်ပြန်ထားပါတယ်။

တရုတ်ပြည်မှာ ဖြစ်ပွားတဲ့ ကြက်ငှက်တုပ်ကွေးရောဂါဟာ (H7N9) ဗိုင်းရပ်စ် အမျိုးအစားဖြစ်ပြီး ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၉ ရက်နေ ဖေဖော်ဝါ၇ီ ၁၄ ရက်အတွင်း အိမ်နီးချင်း တရုတ်နိုင်ငံမှာ လူပေါင်း ၃၀၄ဦးရောဂါကူးစက်ဖြစ်ပွားပြီး ၃၆ ဦးသေဆုံးတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ကထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013