DVB Logo
Home
မြန်မာသတင်း
ချင်းပြည်နယ် လူမျိုးအလိုက်နိုင်ငံရေးဆွေးနွေးပွဲ ထန်တလန်မြို့တွင် ကျင်းပမည်
DVB
·
February 24, 2017
ချင်းပြည်နယ် လူမျိုးအလိုက်နိုင်ငံရေးဆွေးနွေးပွဲ ထန်တလန်မြို့တွင် ကျင်းပမည်
Donate to DVB

လူမျိုးအလိုက် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ (ချင်း)ကို ချင်းအမျိုးသားနိုင်ငံရေးဆွေးနွေးမှု ပူးတွဲကော်မတီကဦးဆောင်ပြီး ဖေဖော်ဝါရီ ၂၇ ရက်မှ မတ်လ ၁ရက်နေ့အထိ ချင်းပြည်နယ်၊ ထန်တလန်မြို့၊ ထန်တလန်နှစ်ခြင်းအသင်းတော်ခန်းမမှာ ကျင်းပသွားမှာဖြစ်ပါတယ်။

ဒီဆွေးနွေးပွဲမှာ အချုပ်အခြာအာဏာ၊ တန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်၊ ဖက်ဒရယ်ပြည်ထောင်စုမူ၊ တိုင်ရင်းသားလူနည်းစုများ၏ အခွင့်အရေးများကိုကာကွယ်ခြင်း၊ ဒီမိုကရေစီအခွင့်အရေး၊ အခြေခံလူ့အခွင့်အရေးနှင့် ကျားမတန်းတူညီမျှမှု၊ ပါတီစုံဒီမိုကရေစီစနစ်၊ ဘာသာရေးကိုအခြေမခံသောနိုင်ငံ စတဲ့အချက် ၈ချက်ကိုဆွေးနွေးကြမှာဖြစ်ပါတယ်။

ဆွေးနွေးပွဲကို ချင်းအမျိုးသားတပ်ဦးအပါအဝင် ချင်းနိုင်ငံရေးပါတီ ၇ပါတီမှ ကိုယ်စားလှယ်တွေနှင့် ချင်းအရပ်ဖက်အဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေ၊ လေ့လာသူတွေ စုစုပေါင်း ၆၅၀ လောက်တက်ရောက်ကြ ဆွေးနွေးမှာဖြစ်ပါတယ်။

Zomi Congress for Democracy ပါတီကတော့ အကြောင်းအမျိုးမျိုးကြောင့်မတက်ရောက်ဘူးလို့ ကော်မတီဝင် ဆလိုင်းဆန်းလိန်းမန် ကဒီဗွီဘီကိုပြောပါတယ်။

အောင်ကိုလတ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013