DVB Logo
Home
မြန်မာသတင်း
၂၁ ရာစုပင်လုံ ဒုတိယအစည်းအဝေးတွင် ဖက်ဒရယ်အခြေခံမူချမှတ်နိုင်ရေးအထိ ဆွေးနွေးမည်
DVB
·
February 24, 2017
၂၁ ရာစုပင်လုံ ဒုတိယအစည်းအဝေးတွင် ဖက်ဒရယ်အခြေခံမူချမှတ်နိုင်ရေးအထိ ဆွေးနွေးမည်
Donate to DVB

ရက်သတ်မှတ်ခြင်းမပြုလုပ်နိုင်သေးပေမယ့် နေပြည်တော်မှာကျင်းပမယ့် ၂၁ ရာစု ဒုတိယအကြိမ် ပင်လုံညီလာခံ အစည်းအဝေးမှာ ဖက်ဒရယ်အခြေခံတဲ့ နိုင်ငံတည်ဆောက်ရေး မူထွက်ပေါ်လာတဲ့အထိ ဆွေးနွေးဖို့ရှိတယ်လို့ ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) က  ပြောပါတယ်။

ပြည်သူလူထုအနေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ပေါ်မှာ ယုံကြည်မှုပိုရှိလာအောင် ညီလာခံအစည်းအဝေးမှာ ထိရောက်တဲ့ အကောင်အထည်ဖော်မှုတွေ ရှိသင့်တယ်လို့ UPDJC ရဲ့ နိုင်ငံရေးပါတီအစုအဖွဲ့ အတွင်းရေးမှူး စိုင်းကျော်ညွန့်ကပြောပါတယ်။

“ပြီးခဲ့တဲ့အစိုးရလက်ထက်မှာလည်း တကြိမ်လုပ်ခဲ့ပြီးပြီ။ ဖွင့်ပွဲလိုလိုပဲ အခုစိုးရလက်ထက်ရဲ့ ပထမအကြိမ်မှာလည်း ဖွင့်ပွဲလိုလိုပဲဖြစ်ခဲ့တယ်။ နောက်တခါလည်း ဖွင့်ပွဲဆိုရင် ပြည်သူတွေက ဘယ်လိုမြင်မလဲ။ အဲတော့ ရလဒ်တခုခုလိုချင်တယ်။ ဒီပွဲမှာ အစိုးရဘက်ကရော လက်မှတ်ထိုးပြီးတဲ့ EAO (တိုင်းရင်းသားလက်နက်ကိုင်) ဘက်ကရောပေါ့လေ။ အဲဒီပွဲမှာတော့ ကျန်တဲ့ကိစ္စတွေ မရရင်တောင်မှ ဖက်ဒရယ်မှာ အခြေခံရမယ့် Principle လောက်ကို သဘောတူနိုင်ရင် မကောင်းဘူးလားပေါ့။ အဲဒီစဉ်းစားချက်နဲ့ ဖက်ဒရယ်စနစ်နဲ့ ပတ်သက်တဲ့ အခြေခံရမယ့်မူတွေကို ဆွေးနွေးမယ်”လို့ ပြောပါတယ်။

နိုင်ငံရေးပါတီ အစုအဖွဲ့အနေနဲ့ ဆွေးနွေးရမယ့် အချက်တွေမှာ နိုင်ငံရေးကဏ္ဍအောက်မှာ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ကိစ္စရပ်တွေနဲ့ တိုင်းရင်းသား လူမျိုးများအလိုက် ခံစားသင့်ခံစားထိုက်တဲ့ လူမျိုးရေးဆိုင်ရာ စုပေါင်းအခွင့်အရေးဆိုတဲ့ အချက်တွေ ပါဝင်နေပြီး အဲဒီအချက်ထဲက ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ဖြစ်ပေါ်လာရေး အခြေခံမူကိစ္စကို အဓိကထား ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

တနိုင်ငံလုံးအပစ်ရပ်စာချုပ် NCA လက်မှတ်ရေးထိုးထားတဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) အထွေထွအတွင်းရေးမှူး ပဒိုကွယ်ထူးဝင်းက “လာမယ့်ညီလာခံမှာ ချမှတ်ထားတဲ့ အကြောင်းအရာ ၅ ခုကိုသာ ဆွေးနွေးသွားရမှာဖြစ်တယ်။ ဘယ်ကဏ္ဍကို အရင်ဆွေးနွေးသွားမလဲ ကိုတော့ ညှိနှိုင်းကြရဦးမယ်။ နိုင်ငံရေးကဏ္ဍမှာတော့ ဖက်ဒရယ် ဒီမိုကရေစီကိုတည် ဆောက်မယ့် အခြေခံကို ဆွေးနွေးသွားရမှာဖြစ်တယ်။ အဲဒီအခြေခံမူကို ချမှတ်နိုင်မယ့်လို့ မျှော်လင့်တယ်”လို့ ပြောပါတယ်။

ဖက်ဒရယ်အရေးနဲ့ ပတ်သက်ပြီး ဆွေးနွေးဆုံးဖြတ်ရာမှာ တပ်မတော်ဖက်ကရော တိုင်းရင်းသား အဖွဲ့အစည်းတွေဘက်ကပါ လက်ရှိအခြေအနေမှန်ပေါ် သုံးသပ်ပြီးမှသာမှ အဖြေကိုရှာသင့်တယ်လို့ ဖက်ဒရယ်အရေးနဲ့ ပတ်သက်ပြီး လေ့လာကျွမ်းကျင်သူ စာရေးဆရာ ကျော်ဝင်းက အကြံပြုပါတယ်။

“လူမျိုးစုတွေရဲ့လိုအပ်ချက်ကိုဆွေးနွေးမယ့် ကိုယ်စားလှယ်ကတကယ် ကိုယ်စားပြုပြီး စဉ်းစားပေးလား၊ မပေးလားစောင့်ကြည့်မယ်။ ဖယ်ဒရယ်ဆိုတာမှာ တိုင်ရင်းသားတွေဘက်က ကိုယ်လိုချင်တာချည်းပြောတာထက် ရနိုင်သလောက်ပဲပြောဖို့လိုမယ်။ တပ်မတော်ဘက်ကလည်း တိုင်းရင်းသားတွေလို အလားတူပဲ ဖြစ်ရမယ်။ လက်ရှိအခြေအနေကို မှန်ကန်တဲ့ အဖြေရအောင် မသုံးသပ်ဘဲ ကိုယ်လိုချင်တဲ့အရာတွေပဲ တောင်းနေမယ်ဆိုရင် ဘယ်တော့မှ ဖက်ဒရယ်ဆိုတာ ဖြစ်လာမှာမဟုတ်ဘူး” လို့ ဆိုပါတယ်။

၂၁ ပင်လုံ ဒုတိယအစည်းအဝေးမှာ ဆွေးနွေးမယ့် အကြောင်းအရာတွေအနေနဲ့ နိုင်ငံရေးကိစ္စရပ်တွေအပြင် လူမှုရေး၊ စီပွားရေး၊ လုံခြုံရေး၊ မြေယာနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အရေးတွေကိုပါ ထည့်သွင်းဆွေးနွေးမှာ ဖြစ်ပြီး နိုင်ငံရေးကဏ္ဍ ဆွေးနွေးမှုအောက်က ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုနိုင်ငံသွားမယ့် မူဝါကို အဓိကထားဆွေးနွေးသွားမှာ ဖြစ်သလို အပြောင်းအလဲမူတခုခု ပေါ်လာမယ်လို့လည်း နိုင်ငံရေးပါတီအများစုက မျှော်လင့်နေကြပါတယ်။

နေပြည်တော်မှာကျင်းပမယ့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာဟုပင် (ဒုတိယ) အစည်းအဝေးကို မတ်လလယ်လောက်မှာ သတ်မှတ်ကျင်းပနိုင်ဖို့အတွက် ညှိနှိုင်းနေဆဲဖြစ်ကြောင်း ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်မှုပူးတွဲကော်မတီ (UPDJC)ကပြော ပါတယ်။

သတင်း - မင်းရဲစစ်နိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013