HomeLead Story
မင်းကွန်းခေါင်းလောင်းနှင့် ပုထိုးတော်ကြီးကို အမှီပြုပြီး ဝမ်းစာရှာနေကြရသည့်ဘဝများ (ဓာတ်ပုံ)
မင်းကွန်းခေါင်းလောင်းနှင့် ပုထိုးတော်ကြီးကို အမှီပြုပြီး ဝမ်းစာရှာနေကြရသည့်ဘဝများ (ဓာတ်ပုံ)
DVB
·
February 23, 2017

1 / 6
စစ်ကိုင်းမြို့အနီးတဝိုက် ဧရာဝတီ မြစ်ကမ်းပါးက ကျေးရွာတွေမှာ နေထိုင်တဲ့သူတွေဟာ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ် မင်းကွန်းခေါင်းလောင်းကြီးနဲ့ မင်းကွန်းပထိုးတော်ကြီးကို အမှီပြုပြီး တနေ့တာ ဝမ်းစာရေးအတွက် ရုန်းကန်လှုပ်ရှားနေကြရပါတယ်။
ရောက်လာကြတဲ့ ကမ္ဘာလှည့်ခရီးသွားတွေနဲ့ ပြည်တွင်းက ဘုရားဖူးဧည့်သည်တွေကို အမှတ်တရလက်ဆောင်ပစ္စည်းတွေ အလှည့်ကျရောင်းပြီး ဈေးရောင်းအလှည့် မကျသေးတဲ့သူ တချို့ကတော့ တနေ့တာ အိမ်စရိတ်ကို ဖြေရှင်းဖို့ အဝတ်လျှော်တဲ့ အလုပ်ကို လုပ်ကိုင်နေကြရတဲ့ လူမှုဘ၀ပုံရိပ်တချို့ကို မြင်တွေ့နိုင်ပါတယ်။










