DVB Logo
Home
မြန်မာသတင်း
လက်ပံတောင်းတွင် ကုမ္ပဏီကားများအား ပိတ်ဆို့ဆန္ဒပြ၊ လုံခြုံရေးအင်အား တိုးမြှင့်
DVB
·
February 23, 2017
လက်ပံတောင်းတွင် ကုမ္ပဏီကားများအား ပိတ်ဆို့ဆန္ဒပြ၊ လုံခြုံရေးအင်အား တိုးမြှင့်
1 / 6
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ဆားလင်းမြို့နယ်ရှိ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းက သိမ်းဆည်းထားတဲ့ မြေယာတွေအတွက် သီးနှံလျော်ကြေးပေးဖို့ ဒေသခံတောင်သူတွေက ဝမ်ပေါင်ကုမ္ပဏီရဲ့ ကြေးနီသယ်ကားတွေကို ပိတ်ဆို့ တောင်းဆိုနေကြလို့ ဖေဖော်ဝါရီ ၂၃ ရက်မှာ အချုပ်ကားတွေနဲ့ ရဲလုံခြုံတွေ တိုးမြှင့် ချထားလိုက်ပါတယ်။

ဒေသခံတောင်သူတွေက ကုမ္ပဏီက ကြေးနီသယ်ကား ၇ စီးကို တားဆီးထားရာ ဒီနေ့မှာတော့ ရဲကား ၄ စီး၊ အဓိကရုဏ်းဖြိုခွင်းရေး မီးသတ်ကား ၁ စီး၊ အချုပ်ကား ၂ စီးနဲ့ ရဲတပ်သား ၁၅၀ ကျော်ကို မုံရွာ-ပုသိမ်လမ်းမဘေးမှာ အသင့်အနေထားနဲ့ ထားရှိထားပါတယ်။

ဒီကနေ့ မနက်ပိုင်းကတော့ ဆားလင်းကြီးမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာသိန်းနိုင်နဲ့ ယင်းမာပင်ခရိုင်အုပ်ချုပ်အဖွဲ့က ဒေသခံတွေကို လာရောက်ရှင်းလင်းရာ ဖေဖော်ဝါရီ ၂၅ ရက်မှာ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်နဲ့ ဒေသခံတောင်သူတွေကို တိုင်းဒေသကြီး အစိုးရရုံးမှာ တွေ့ဆုံပေးမယ်လို့ ပြောကြားသွားပါတယ်။

ဒေသခံတောင်သူတွေက သီးနှံလျော်ကြေးရရှိဖို့၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ လက်ပံတောင်းတောင် အစီခံစာအတိုင်း လေးစားလိုက်နာဖို့၊ အစားထိုးမြေဧက ၁၉၀၀ ကို ပြန်လည်ဖော်ထုတ်ပေးဖို့နဲ့ ဒေသခံ တောင်သူတွေရဲ့ လူမှုဘဝ တိုးမြှင့်ပေးဖို့ တောင်းဆိုနေပါတယ်။

ဖေဖော်ဝါရီ ၂၂ ရက် ညနေကတော့ တားဆီးထားတဲ့ ကားတွေထဲက ယန်စီကုမ္ပဏီက ကား ၂ စီးကိုတော့ ပြန်လွှတ်ခဲ့ပါတယ်။

လတ်တလောမှာတော့ မိုးကြိုးပြင်အလယ်ရွာထိပ်မှာ တောင်သူတွေက ကား ၇ စီးကို တားဆီးထားပြီး ကုမ္ပဏီလုံခြုံရေး၊ ရဲအင်အားတွေအပြင် နယ်မြေခံရဲတွေကိုပါ အင်အားတိုးမြှင့် ချထားတယ်လို့ သိရပါတယ်။

အဆိုပါ ရဲလုံခြုံအင်အားချမှုနဲ့ အဓိကရုဏ်းနှိမ်နင်းရေးကားတွေ အသင့်ပြင်ဆင်နေတဲ့ အပေါ် ဒီဗွီဘီ က ဝမ်ပေါင်ကုမ္ပဏီရဲ့ လုံခြုံရေး ရဲတပ်ဖွဲ့တာဝန်ရှိသူတွေကို သွားရောက်မေးမြန်းခဲ့ပေမယ့်  တွေ့ဆုံခွင့် မရရှိခဲ့ပါဘူး။

ရန်နိုင်စိုး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013