ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်တွေက ကျေးရွာတွေမှာ တီဘီရောဂါရှိတဲ့သူတွေနဲ့ တီဘီရောဂါလို့ သံသယရှိတဲ့လူတွေကို စစ်ဆေးပြီး အခမဲ့ဆေးကုသပေးနေပါတယ်။
“ခုအစီအစဉ်ကို ဧရာဝတီတိုင်းဒေသကြီး တီဘီရောဂါတိုက်ဖျက်ရေးအဖွဲ့က ဦးဆောင်ပြီး မြို့နယ်အလိုက် ဆရာဝန်ကြီးများနဲ့ တိုင်း တီဘီရောဂါအထူးကု ဆရာဝန်၊ ဆရာမတွေက ဧရာဝတီတိုင်းဒေသကြီးအတွင်းက ကျေးရွာတွေကို လိုက်လံကုသပေးနေတာ”လို့ အင်ပင်တိုက်နယ် ကျေးလက်ကျန်မာရေးဆရာမ မစန္ဒာက ဒီဗွီဘီကို ပြောပါတယ်။
ဧရာဝတီတိုင်းအတွင်းမှာ လူ ၁၀၀ မှာ ဆယ်ယောက်နှုန်းအထက် တီဘီရောဂါ ကူးစက်ခံနေကြရတာပါ။ ဒါပေမယ့် တီဘီရောဂါဟာ ပုံမှန်ဆေးစား၊ ဆေးသောက်လုပ်ရင် ရောဂါပျောက်ကင်းနိုင်တဲ့ ရောဂါအမျိုးအစား ဖြစ်ပါတယ်။
ခုလို ကုသရာမှာ လူနာတွေကို ဟောပြော အသိပညာပေးတာတွေပါ တပါတည်း လုပ်ကိုင်ပေးနေတာပါ။
သတင်း - သန်းထိုက်မြင့်











