DVB Logo
Home
မြန်မာသတင်း
မြန်မာ့အမျိုးသားပညာ​ရေးစနစ် ပြောင်းလဲရမည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြော
DVB
·
February 23, 2017
မြန်မာ့အမျိုးသားပညာ​ရေးစနစ် ပြောင်းလဲရမည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြော
1 / 5
Donate to DVB

လာမယ့် ၅ နှစ်​တာကာလတွင်း ​ကျောင်းသားလူငယ်​တွေနဲ့ အရွယ်​​ရောက်​တဲ့ သူ​တွေကို တ​သက်​တာ ပညာသင်​ယူမှုရရှိ​စေဖို့နဲ့ အလုပ်​အကိုင်​အခွင့်အလမ်းတွေရရှိ​စေဖို့ မြန်​မာနိုင်​ငံရဲ့ အမျိုးသားပညာ​ရေး စနစ်​ကို အဓိကထား​ပြောင်းလဲရမှာ ဖြစ်​တယ်လို့ ​ဒေါ်​အောင်​ဆန်းစုကြည်​ က​ ပြောဆိုလိုက်ပါတယ်။

ဒီနေ့ မနက်ပိုင်းက ​နေပြည်​​တော်​ရှိ အပြည်​ပြည်​ဆိုင်​ရာ ဗဟိုကွန်​ဗင်းရှင်းစင်​တာ (MICC 2)မှာ ကျင်းပပြုလုပ်တဲ့ အမျိုးသားပညာ​ရေးမဟာဗျူဟာစီမံကိန်း (၂၀၁၆-၂၀၂၀) စတင်​ အ​ကောင်​အထည်​​ ဖော်​ ​ဆောင်​ရွက်​ခြင်း အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်တာပါ​။

"အခုဟာက ကျမတို့လာမယ့် ၅ နှစ်​တာကာလအတွင်းမှာ ​ကျောင်းသားလူငယ်​များနဲ့ အရွယ်​​ရောက်​တဲ့ သူ​တွေရဲ့ ဘဝတ​သက်​တာ ပညာသင်​ယူမှုရရှိ​စေဖို့ အလုပ်​အကိုင်​ အခွင့်အလမ်းများရရှိ​စေဖို့ မြန်​မာ နိုင်​ငံရဲ့ အမျိုးသားပညာ​ရေးစနစ်​ကို အဓိကထား​ပြောင်းလဲရမှာ ဖြစ်​ပါတယ်​။ ဒီ​ပြောင်းလဲ​ပေးရမှာက ပညာ​ရေးက​နေစရမှာပဲ အမျိုးသားမဟာဗျူဟာစီမံကိန်းကို ချမှတ်​တာက​တော့ ဟုတ်​ပါတယ်​။ စီမံကိန်း​ အောင်​မြင်​ဖို့အတွက်​ အဓိကဘာလိုအပ်​လဲဆိုတာ အားလုံးစဉ်းစားရမှာပါ။”

ဒါ့အပြင် ပညာရရှိ​ရေးအတွက်​ အ​ရေးကြီးဆုံး​က​ သင်​ယူချင်​တဲ့စိတ်ဖြစ်​ပြီး ဆရာ၊ ဆရာမတွေဟာ ပညာ​ရေးမူဝါဒ​တွေကို ချမှတ်​ပြီး​တော့ အ​ကောင်​အထည်​​ဖော်​ ဦး​ဆောင်​​နေတဲ့ ပုဂ္ဂိုလ်​များဟာ နိုင်​ငံသူ နိုင်​ငံသားများအကြားမှာ အသက်​ကြီး အသက်​ငယ်​မ​ရွေး သင်​ယူချင်​တဲ့စိတ်​များ​ ပေါ်လာ​အောင်​လို့ ​ဆောင်​ရွက်​​ပေးရမှာဖြစ်​တယ်လို့ ​ဒေါ်​အောင်ဆန်း​စုကြည်​က ပြောပါတယ်။

ဆက်လက်ပြီး ဒေါ်အောင်ဆန်းစုကြည်က သင်​ယူချင်​တဲ့စိတ်​ကို လူငယ်​တွေအကြားထဲ ထွန်းကား​ အောင်​၊ သင်​​ပေးတဲ့သူ​တွေ ကိုယ်​တိုင်​က သင်​ယူချင်​တဲ့ စိတ်​ရှိဖို့လိုတယ်​လို့ ​ပြောကြားခဲ့ပါတယ်​။

အခမ်းအနားကို ပညာ​ရေးဝန်​ကြီးဌာနက ပြည်​​ထောင်​စုဝန်​ကြီးနဲ့ ဌာနဆိုင်​ရာ တာဝန်​ရှိသူ​တွေ၊ ပညာ​ရေးဖွံ့ဖြိုးမှု မိတ်​ဖက်​အဖွဲ့အစည်း ကိုယ်​စားလှယ်​ မြန်​မာနိုင်​ငံဆိုင်​ရာ သြစ​တြေးလျနိုင်​ငံ သံအမတ်​၊ UNICEF ဌာ​နေကိုယ်​စားလှယ်​နဲ့ အခြား ဖိတ်​ကြားထားသူ​တွေ တက်​​ရောက်​ခဲ့ကြပါတယ်​။

မြန်မာနိုင်ငံမှာ ​ကျေးရွာပေါင်း ၆ သောင်း​ကျော်​ရှိပြီး ​ကျေးရွာ​ပေါင်း ၃ ​သောင်း​ကျော်​မှာ​တော့ အ​ခြေခံ အလယ်​တန်း၊ အထက်​တန်း ​ကျောင်း​ပေါင်း ၃၃၂၂ ​ကျောင်းဖွင့်​လှစ်​ထား​ပြီးဖြစ်​တယ်​လို့ သိရပါတယ်​။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013