DVB Logo
Home
မြန်မာသတင်း
သမဂ္ဂအဆောက်အအုံ ပြန်ဆောက်ရေး ကော်မတီဖွဲ့စည်းရေးအဖွဲ့ဖွဲ့စည်း
DVB
·
February 22, 2017
သမဂ္ဂအဆောက်အအုံ ပြန်ဆောက်ရေး ကော်မတီဖွဲ့စည်းရေးအဖွဲ့ဖွဲ့စည်း
Donate to DVB

 

ရန်ကုန်တက္ကသိုလ်ကျာင်းသားသမဂ္ဂ တကသအဆောက်အအုံ ပြန်လည်တည်ဆောက်ရေး ကော်မတီဖွဲ့စည်းရေးအဖွဲ့ကို  သက်ဆိုင်ရာအဖွဲ့ အစည်းကိုယ်စားလှယ် ၂၁ ဦးနဲ့ ဖွဲ့စည်းလိုက်ပါတယ်။

ဖေဖော်ဝါရီ ၂၂ ရက်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုဌာနချုပ်မှာ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်တွေ၊ မျိုးဆက်သစ် မျိုးဆက်ဟောင်း ကျောင်းသားတချို့တို့တက်ရောက်ဆွေးနွေးခဲ့ကြပြီး သမဂ္ဂအဆောက်အအုံ ဖြစ်မြောက်ရေးအတွက် ပထမခြေလှမ်းအနေနဲ့ အခုအဖွဲ့ကို ဖွဲ့စည်းခဲ့တာပါ။

၂၁ ယောက်နဲ့ ဖွဲ့စည်းထားတဲ့  ကော်မတီဖွဲ့စည်းရေးအဖွဲ့မှာ ဗကသအဖွဲ့က ကျောင်းသားတွေ မပါ ပေမယ့် တကသအဆောက်အအုံ ပြန်လည်တည်ဆောက်ရေးအတွက် ဖြစ်မြောက်ရေး ကော်မတီ ဖွဲ့မယ့် ဖေဖော်ဝါရီ ၂၈ ရက်မှာ ဗကသကျောင်းသားတွေကို ဖိတ်ကြားသွားမယ်လို့ ကော်မတီ ဖွဲ့စည်းရေးအဖွဲ့ အစည်းအဝေးပွဲကိုတက်ရောက်လာတဲ့ ၈၈ မျိုးဆက် ငြိမ်း/ပွင့်က ဦးမြအေးက ပြောပါတယ်။

သမဂ္ဂအဆောက်အအုံ ပြန်လည်တည်ဆောက်မယ့်နေရာကို အစိုးရက အရင်နေရာမှာပဲ ဆောက်လုပ်ပေးသွားဖို့ စီစဉ်ထားပေမယ့် နေရာနဲ့ အဆောက်အအုံဒီဇိုင်းပုံစံကို ဖွဲ့စည်းမယ့် ကော်မတီမှာပါတဲ့သူတွေရဲ့ဆုံးဖြတ်ချက်ကပဲ အတည်ဖြစ်တယ်လို့ တကသကျောင်းသားခေါင်းဆောင် ကိုဇေယျာလွင်က ပြောပါတယ်။

ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂအဆောက်အအုံ ပြည်လည်တည်ဆောက်ရေး ဖြစ်မြောက်ရေး ကော်မတီဖွဲ့စည်းရေးကို လာမယ့် ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှာ ဖွဲ့စည်းသွားမှာဖြစ်ပြီး အဲဒီအစည်းအဝေးကို ခေတ်အဆက်ဆက်က ကျောင်းသားဟောင်းေ တွ၊ တက္ကသိုလ်သမဂ္ဂအားလုံးနဲ့ တခြားဖွဲ့ထားတဲ့ ကျောင်းသား သမဂ္ဂအဖွဲ့တွေကိုလည်း ဖိတ်ကြားသွားမယ်လို့ ကော်မတီဖွဲ့စည်းရေး အဖွဲ့က ပြောပါတယ်။

၁၉၆၂ ခုနှစ် ဇူလိုင် ၈ ရက်နေ့က  သမိုင်းဝင်  တ.က.သ အဆောက်အအုံကို   ဗိုလ်ချုပ်နေ၀င်း ခေါင်းဆောင်တဲ့ အာဏာသိမ်းစစ်အစိုးရက ဒိုင်းနမိုက်နဲ့ ဖောက်ခွဲဖျက်ဆီးခဲ့တာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013