DVB Logo
Home
မြန်မာသတင်း
ဆွမ်း​လောင်းအသင်းကို ရပ်​ကွက်​အုပ်​ချုပ်​​ရေးမှူးက အသံချဲ့စက်ဥပဒေဖြင့် တရားစွဲ
DVB
·
February 22, 2017
ဆွမ်း​လောင်းအသင်းကို ရပ်​ကွက်​အုပ်​ချုပ်​​ရေးမှူးက အသံချဲ့စက်ဥပဒေဖြင့် တရားစွဲ
Donate to DVB

မန္တလးတိုင်းဒေသကြီး မြင်းခြံမြို့ အမှတ် (၁၇) ရပ်ကွက် အုပ်ချုပ်ရေးမှူးက တရားလိုပြုလုပ်ပြီး အမှတ် (၁၇) ရပ်ကွက်ရှိ ကုသလဝါယမဆွမ်းလောင်းအသင်းအား အသံချဲ့စက် ဥပဒေ ပုဒ်မ ၂၆/၂၇ နဲ့  တရားစွဲဆိုလိုက်ပါတယ်။

အမှတ် (၁၇) ရပ်ကွက်ရှိ ကုသလဝါယမဆွမ်းလောင်းအသင်း (၁) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ရွှေညဝါဆရာတော်နဲ့ တရားပွဲကျင်းပရာမှာ အသုံးပြုတဲ့ အသံချဲ့စက် ဆောင်းဘောက်တွေ အသုံးပြုခဲ့တာကို အကြောင်းပြပြီး အမှုဖွင့်တိုင်ကြားခဲ့တာပါ။

ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်နိုင်က ကုသလဝါယမဆွမ်းလောင်းအသင်း ဒုဥက္ကဋ္ဌ ဦးမြင့်နိုင်ဦးကို တရားစွဲဆိုခဲ့တာလည်း ဖြစ်ပါတယ်။

တရားစွဲဆိုခံရတဲ့ ကုသလဝါယမဆွမ်းလောင်းအသင်း ဒုဥက္ကဋ္ဌ ဦးမြင့်နိုင်ဦးက “ကျနော်တို့က အမှားဘာမှ လုပ်ထားတာမရှိဘူး၊ တရားစွဲဆိုတာကို ရင်ဆိုင်သွားမှာပါ။ တရားပွဲကျင်းပတုန်းကလည်း ရပ်ကျေးသံဃနာယက ထောက်ခံစာ မြို့နယ် သံဃနာယက ထောက်ခံစာယူပြီး မြို့နယ်အုပ်ချုပ်ရေးမှူးဆီ တင်ခဲ့တာပါ၊ တိုင်းသံဃနာယကထောက်ခံစာလည်း တင်ပြခဲ့တာပါ။ ရုံးကတာဝန်ရှိသူတွေက ကျင်းပလို့ရပြီဆိုလို့ အစည်းအဝေးခေါ်ပြီး တရားပွဲကို ကျင်းပခဲ့တာပါ။ ကျနော်တို့ကို ရပ်ကျေးအုပ်ချုပ်ရေးဥပဒေ အသံချဲ့စက်ဥပဒေ ပုဒ်မ ၂၆/၂၇ နဲ့ တရားစွဲဆိုလိုက်တာပါ”လို့ ဒီဗွီဘီကို ပြောပါတယ်။

တရားပွဲကျင်းပပြီး သီတင်း ၃ပတ်ကျော်မှ တရားစွဲဆိုခံခဲ့ရတာဖြစ်ပြီး ဒီကနေ့မှာ မြင်းခြံတရားရုံးမှာ အမှုစတင်စစ်ဆေးခဲ့ပါတယ်။ လာမယ့် မတ်လ ၆ ရက်နေ့မှာ အမှုရင်ဆိုင်ဖြေရှင်းဖို့အတွက် မြင်းခြံမြို့နယ် တရားရုံးမှ ပြန်လည် ချိန်းဆိုခဲ့ပါတယ်။

သတင်း - ရီရီထွန်း (မြင်းခြံ)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013