DVB Logo
Home
မြန်မာသတင်း
စီးကရက်နှင့် အရက်ရောင်းချမှုကနေ အခွန်ငွေ ကျပ် ၁၀၇ ဘီလီယံကျော်ရရှိ
DVB
·
February 22, 2017
စီးကရက်နှင့် အရက်ရောင်းချမှုကနေ အခွန်ငွေ ကျပ် ၁၀၇ ဘီလီယံကျော်ရရှိ
Donate to DVB

 

လက်ရှိ၂၀၁၆-၁၇ ဘဏ္ဍာနှစ်အတွင်းမှာ စီးကရက်နဲ့ အရက်ရောင်းချမှုကနေ ကျပ်ငွေ ၁၀၇ ဘီလီယံကျော် အခွန်ကောက်ခံရရှိ တယ်လို့ အစိုးရ တရားဝင်သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

စီးကရက်နဲ့ အရက်ကနေ အခွန်ကောက်ခံရရှိမှု နှစ်စဉ် တိုးမြင့်လာနေရာမှာ အခုဘဏ္ဍာနှစ် ဒီဇင်ဘာလကုန်အထိ အရက်ထုတ်လုပ်ရောင်းချမှုကနေ   ၆၃ ဒသမ ၂၉၅ ဘီလီယံကျော်နဲ့ စီးကရက်ကနေ ၄၄ ဒသမ ၄၇၆ ဘီလီယံကျော် ကောက်ခံရရှိခဲ့တာလို့ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၄-၁၅ ဘဏ္ဍာနှစ်မှာ  အရက်ထုတ်လုပ်ရောင်းချမှုကနေ ကုန်သွယ်ခွန် ၁၃ဒသမ ၅၈၇ ဘီလီယံ၊ စီးကရက်ထုတ်လုပ်ရောင်းချမှုကနေ  ၈ဒသမ ၁၈၅ ဘီလီယံရရှိပြီး ၂၀၁၅-၁၆ ဘဏ္ဍာနှစ်မှာတော့ အရက်ကနေ ၆၉ ဒသမ ၇၁၅   ဘီလီယံ၊ စီးကရက်ကနေ ၁၅ ဒသမ ၅၇၂ ဘီလီယံ ရရှိခဲ့တယ်လို့ ဒီကနေ့ထုတ်နိုင်ငံပိုင်သတင်းစာတွေမှာဖော်ပြပါတယ်။

၂၀၁၆ ဇန်န၀ါရီလက ပြဌာန်းထားတဲ့ ပြည်ထောင်စုရဲ့ အခွန်အကောက်ဥပဒေမှာတော့ စီးကရက်နဲ့ အရက်အမျိုးမျိုးကို အထူးကုန်စည်တွေအဖြစ် သတ်မှတ်ကောက်ခံတာဖြစ်ပြီး စီးကရက် အလိပ် ၂၀ ပါ တဘူးကို ဈေးနှုန်းအနည်းအများပေါ်လိုက်ပြီး တလိပ်လျှင်  ၃ ကျပ်ကနေ ၁၅ ကျပ်အထိ အခွန် ကောက်ခံပါတယ်။

အရက်အမျိုးမျိုးကတော့ တစ်လီတာလျှင် ကျပ် ၅၀၀ ကျော်ကနေ  ၃၃၇၅ ကျပ်နှုန်းထိ ကောက်ခံပါတယ်။

ပြည်ပက တင်သွင်းတဲ့ စီးကရက်တွေကိုတော့ ကုန်းပေါ်အရောက်တန်ဖိုးရဲ့ ၁၂၀ ရာခိုင်နှုန်း ကောက်ခံပြီး ပြည်ပကတင်သွင်းတဲ့အရက်တွေကိုတော့  ကုန်းပေါ်အရောက် တန်ဖိုးရဲ့ ၆၀ ရာခိုင်နှုန်း ကောက်ခံဖို့ ဥပဒေပြဋ္ဌာန်းထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013