DVB Logo
Home
မြန်မာသတင်း
စားသုံးရန်မသင့်သည့် တရုတ်ခေါက်ဆွဲခြောက်ထုပ်များကို အင်းတော်စည်ပင် သိမ်းဆည်း ဖျက်ဆီးမည်
DVB
·
February 22, 2017
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့မဈေးမှာ ဖေဖော်ဝါရီ ၂၂ ရက် မနက်ပိုင်းမှာ ပူးပေါင်းအဖွဲ့က စစ်ဆေးရာ စားသုံးရန်မသင့်တဲ့ တရုတ်နိုင်ငံလုပ် ခေါက်ဆွဲအစိမ်းခြောက်ထုပ်တွေ တွေ့ရှိတဲ့အတွက် ကသာခရိုင်အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဌာနက သိမ်းဆည်းလိုက်ပါတယ်။

အင်းတော်မြို့နယ်ထွေအုပ်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ စည်ပင်သာယာ၊ တိမွေးကု၊ ကျန်းမာရေး ဦးစီးဌာန၊ စားသုံးသူရေးရာ ဦးစီးဌာန၊ FDA တို့ပူးပေါင်းပြီး အင်းတော်မြို့မဈေးမှာ တားမြစ်ထားတဲ့ စားသောက်ကုန်တွေ၊ ရက်လွန်အစားအစာတွေ၊ မုန့်မျိုးစုံတွေ၊ ဆေးဝါးတွေကို အဖွဲ့စုံ ပူးပေါင်း စစ်ဆေးခဲ့တာလို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အင်းတော်စားသုံးသူရေးရာ ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကြည်နိုင်ဦးက ပြောပါတယ်။

ကသာခရိုင် အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဌာန ဒုခရိုင်မှူး ဦးပြည့်စုံဝင်းက  “အင်းတော်မြို့မဈေးမှာ အဓိက ခေါက်ဆွဲအစိမ်းထုပ်တွေ တွေ့ရပါတယ်။ ၂၆ ရက်၊ ၉ လပိုင်း၊ ၂၀၁၆ လောက်ကစပြီး ဒီအစားအသောက်က အဏုဇီဝ သတ်မှတ်ချက်နဲ့ မကိုက်ညီတဲ့အတွက် ဈေးကွက်ကနေ ပြန်လည်သိမ်းဆည်းဖို့ ကြေညာထားပြီးသား။ ဒါတွေဟာ အခုအချိန်ထိ ရှိနေတယ်။ ဖေဖော်ဝါရီ ၂၃ ရက်နေ့ကစပြီး ကသာခရိုင်အတွင်းတွေ့ရှိရင် ကျနော်တို့အနေနဲ့သိမ်းဆည်းပြီး ဖျက်ဆီးသွားမှာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။

အင်းတော်မြို့မဈေးအတွင်း ဈေးရောင်းချနေတဲ့ ဈေးသည်တွေကို အဏုဇီဝဓာတ်ကြွယ်ဝတဲ့ ခေါက်ဆွဲအစိမ်းထုပ်တွေကို မရောင်းချဖို့၊ ရက်လွန်မှိုတက်ဆိုးဆေး အလွန်အကျွံသုံးစွဲထားတဲ့ စားသောက်ကုန်တွေ မရောင်းဖို့ ဆွေးနွေး အသိပညာပေးတာတွေ၊ ခေါက်ဆွဲအစိမ်းထုပ် နမူနာ သိမ်းဆည်းတာတွေနဲ့၊ သတိပေးတားမြစ်တာတွေကို ဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။

သတင်း - ကိုကိုလင်း(အင်းတော်)

ဆိုပါတယ်။

သတင်း - ကိုကိုလင်း(အင်းတော်)

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013