DVB Logo
Home
မြန်မာသတင်း
ကုလအစီရင်ခံနှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးတွေ့ရှိချက် ပြည်သူကိုချပြမည်
DVB
·
February 22, 2017
ကုလအစီရင်ခံနှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးတွေ့ရှိချက် ပြည်သူကိုချပြမည်
Donate to DVB

 

ကုလသမဂ္ဂလူ့အခွင့်အရေးမဟာမင်းကြီးရုံး OHCHR က ထုတ်ပြန်တဲ့အစီရင်ခံစာနဲ့ ပတ်သက်လို့ အစိုးရအဖွဲ့ကို အကြံပြုချက်တွေပေးသွားမှာဖြစ်သလို ပြည်သူတွေကိုလည်းချပြ သွားမယ်လို့  ရခိုင်ပြည်နယ် မောင်တောဒေသ စုံစမ်းစစ်ဆေးရေးကော်မရှင် အဖွဲ့ဝင် ဦးအေးလွင်က  ဒီဗွီဘီကို ပြောပါတယ်။

ကုလသမဂ္ဂလူ့အခွင့်အရေးမဟာမင်းကြီးရုံး OHCHR ရဲ့ စုံစမ်းရေးအဖွဲ့တဖွဲ့ဟာ မကြာသေးခင်က မြန်မာ-ဘင်္ဂလားဒေ့ခ်ျနယ်စပ် ဘင်္ဂလားဒေ့ခ်ျ နိုင်ငံဘက်ခြမ်းကိုသွားရောက်ပြီး မြန်မာပြည်ဖက်ကထွက်ပြေးလာကြတဲ့ ရိုဟင်ဂျာဒုက္ခသည်ဆိုသူ ၂၀၄ ဦးနဲ့ တွေ့ဆုံမေးမြန်းမှုပေါ် အခြေခံပြီး အစီရင်ခံစာကို ဖေဖော်ဝါရီလဆန်းပိုင်းက ထုတ်ပြန်ခဲ့ပါတယ်။

အစီရင်ခံစာမှာ ရခိုင်ပြည်နယ်က လသားကလေးနဲ့ ကလေးငယ်တွေလည်း အသတ်ခံရပြီး၊ အကြမ်းဖက် ရိုက်နှက်တာတွေ လူမသိသူမသိ ပျောက်ဆုံးသွား တာတွေနဲ့ တခြား လူ့အခွင့်အရေးချိုးဖေါက်မှုတွေကို မြန်မာအစိုးရလုံခြုံရေးတပ်ဖွဲ့တွေက ကျူးလွန်ခဲ့တယ်လို့ စွပ်စွဲ ဖော်ပြခဲ့ပါ တယ်။

ဒါ့အပြင် OHCHR က တွေ့ဆုံမေးမြန်းခဲ့တဲ့အမျိုးသမီး ၁၀၁ ဦးထဲက တဝက်ကျော်ဟာ မုဒိန်းအကျင့်ခံရတာ ဒါမှမဟုတ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရတယ်လို့ ထွက်ဆိုခဲ့တယ်လို့လည်း ဖေါ်ပြထားပါတယ်။

ရခိုင်ပြည်နယ်မောင်တောဒေသ စုံစမ်းစစ်ဆေးရေးကော်မရှင် အဖွဲ့ဝင် ဦးအေးလွင်က “အကြံပေးဖို့ အချက်အလက်တွေ စုဆောင်းနေတယ်။ အကောင်းဆုံး ဘယ်လိုကိုင်တွယ်ဖို့ဆိုတာကို အစိုးရအဖွဲ့ကို အစီရင်စာပို့သွားမယ်။ ပြည်သူတွေကိုလည်း ချပြသွားမယ်”လို့ ပြောပါတယ်။

မြန်မာအစိုးရလုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်ပြီး တရားဥပဒေ ကြောင်းအရ အရေးယူ ဆောင်ရွက်ပေးဖို့ OHCHR အဖွဲ့က တောင်းဆိုထားပါတယ်။

Equality Myanmar က ဒါရိုက်တာ ဦးအောင်မျိုးမင်းကတော့ “အကြမ်းဖက်မှုကို လုပ်ဆောင်သူဆိုရင် အကြမ်းဖက်မှုကိုတားဆီးဖို့ လုပ်ဆောင်ပိုင်ခွင့်ရှိပါတယ်။ ဒါပေမယ့် အကြမ်းဖက်မှုဒေသအတွင်းမှာ ရှိတဲ့အပြစ်မဲ့တဲ့ အရပ်သား မည်သူကိုမဆို တရားလက်လွတ် လုပ်ဆောင်မှုတွေတော့ လုပ်လို့ မရပါ ဘူး။ နိုင်ငံတကာစံချိန်အရ ရှောင်ကျဉ်ရမယ့်အရာဖြစ်ပါတယ်။ ဒါမျိုးတွေ မဖြစ်ဖို့အတွက် တဖက်က လည်း စုံစမ်းဖော်ထုတ်ဖို့လိုအပ်သလို တဖက်မှာလည်း ကြိုတင်တားဆီးနိုင်တဲ့ အမိန့်ကြေညာချက် တွေ အလေးထားပြီး ညွှန်ကြားချက်တွေ လုပ်ဆောင်ဖို့လည်း လိုအပ်နေပါတယ်”လို့ ဒီဗွီဘီ ကိုပြောပါတယ်။

ကုလသမဂ္ဂရဲ့အစီရင်ခံစာပါ စွပ်စွဲချက်တွေနဲ့ပတ်သက်လို့ အစိုးရက ဖွဲ့စည်းပေးထားတဲ့ မောင်တောစုံစမ်းစစ်ဆေးရေးကော်မရှင်က ဖော်ဖော်ဝါရီ ၁၀ရက်ကနေ ၁၇ ရက်ထိ  မောင်တောဒေသက ကျေးရွာပေါင်း ၂၀ လောက်ကို  သွားရောက်ကွင်းဆင်းစုံစမ်းခဲ့သလို ပြည်ထဲရေးနဲ့ ကာကွယ်ရေး ဌာနတွေကလည်း စုံစမ်းစစ်ဆေးရေးအဖွဲ့တွေ ဖွဲ့စည်း ဆောင်ရွက်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013