DVB Logo
Home
မြန်မာသတင်း
ယူအန်အက်ဖ်စီ တောင်းဆိုထားသည့် ၉ ချက်ကို ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးမည်
DVB
·
February 22, 2017
ယူအန်အက်ဖ်စီ တောင်းဆိုထားသည့် ၉ ချက်ကို ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးမည်
Donate to DVB

တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (အန်စီအေ)မှာ တဖွဲ့ကိုမှ ချန်မထားဘဲ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အားလုံးပါဝင်ဖို့လိုတယ်လို့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ဒုဥက္ကဋ္ဌ နိုင်ဟံသာကပြောပါတယ်။

အန်စီအေ လက်မှတ်ထိုးရေးနဲ့ ပတ်သက်ပြီး “တဖွဲ့ကိုမှ ချန်မထားဘဲ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အားလုံးပါဝင်ဖို့နဲ့ အရင်သဘောတူညီခဲ့သလိုမျိုး နိုင်ငံရေးဆွေးနွေးတဲ့အခါ သုံးပွင့်ဆိုင်ပုံစံမျိုးဖြစ်ဖို့ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် အန်စီအေ ခိုင်မာဖို့ဆိုရင် နိုင်ငံတကာအင်အားစုတွေ သက်သေအဖြစ် ပါဝင်ဖို့ လိုတယ်။ သဘောတူညီချက်တွေ ရရင်  အန်စီအေလက်မှတ် ထိုးမှာပါ” လို့ နိုင်ဟံသာက ပြောပါတယ်။

လာမယ့် မတ်လ ၁ရက်နေ့မှာ ၂၁ရာစုပင်လုံကျင်းပရေး ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းကြည်နဲ့ တွေ့ဆုံဆွေးနွေးဖိုရှိနေရာမှာ  UNFC ဘက်ကတော့ အမြဲတောင်းဆိုနေတဲ့ အချက် ၉ ချက်ကိုသာ အဓိကထားဆွေးနွေးသွားမယ်လို့ လည်းပြောပါတယ်။

တနိုင်ငံလုံးအပစ်အခတ်ရပ်စဲကြောင်း ကြေညာဖို့၊ ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်ရေး အာမခံချက်ရရှိဖို့၊ ၂၁ ရာစု ပင်လုံညီလာခံက ထွက်ပေါ်လာတဲ့ ဆုံးဖြတ်ချက်တွေအပေါ် အခြေခံပြီး ဖွဲ့စည်းပုံအခြေခံ ဥပဒေ ရေးဆွဲပြဌာန်းဖို့၊ အပစ်အခတ် ရပ်စဲရေးလုပ်ငန်းစဉ်မှာ နိုင်ငံတကာပါဝင်မှု အခန်းကဏ္ဍတိုးမြှင့်ဖို့ စတဲ့ အချက် ၉  ချက်ကိုသဘောတူမှ  အန်စီအေလက်မှတ်ထိုးမယ်လို့ UNFC အနေနဲ့ တောင်းဆိုထားတာပါ။

ဒီအချက်တွေကို ဘယ်လောက်အထိလက်ခံမယ် လက်မခံဘူး အစိုးရဘက်က ရှင်းရှင်းလင်းပြောဖို့ လိုတယ်လို့  ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC ရဲ့ နိုင်ငံရေးပါတီ အစုအဖွဲ့အတွင်းရေးမှူး စိုင်းကျော်ညွန့်က UNFC နဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်တို့ တွေ့ဆုံပွဲကို ရည်ရွယ်ပြောပါတယ်။

“အစိုးရဘက်ကလည်း ရှင်းရှင်းလင်းလင်းပြောဖို့ လိုတယ်။ UNFC ဘက်က ပြောထားတဲ့ ဒီအချက်အလက်တွေဆိုရင် မရဘူး။ ဒီအချက်အလက်တွေဆို အဆင်ပြေတယ်။ ဒီအချက်အလက် ကတော့ ရာခိုင်နှုန်း ဒီလောက်ပဲရမယ်။ ၅၀ ရာခိုင်နှုန်းပဲရမယ်။ ရာခိုင်းနှုန်း တခုခုလောက် ပြေလည် တယ်။ ဟိုဘက်က လက်ခံနိုင်လိုက်တယ်ဆိုရင်လည်း အခြေအနေအများကြီး ကောင်းသွားပါ လိမ့်မယ်” လို့ ဆိုပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ UNFCတို့ တွေ့ဆုံဆွေးနွေးမှုအပြီးမှာ ငြိမ်းချမ်းရေးကော်မရှင် နဲ့ UNFC တို့ ဆက်လက်ဆွေးနွေးဖို့ အစီအစဉ်ရှိတယ်လို့ သိရပါတယ်။

အဆိုပါအချက် ၉ ချက်ကို  ငြိမ်းချမ်းရေးကော်မရှင်နဲ့လည်း ညှိနှိုင်းမှုတွေ မပြေလည်သေးတဲ့ အတွက် ဆက်လက်ညှိနှိုင်းသွားမယ်လို့လည်း သိရပါတယ်။

လက်ရှိ အန်စီအေစာချုပ်မှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၈ ဖွဲ့သာ လက်မှတ်ရေးထိုး ထားပြီး  ၁၃ ဖွဲ့ကတော့  အန်စီအေမှာ လက်မှတ်ထိုးထားလာဖို့ ညှိနှိုင်းဆွေးနွေးနေဆဲဖြစ်ပါတယ်။

သတင်း- မင်းရဲစစ်နိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013