DVB Logo
Home
မြန်မာသတင်း
စစ်ရှောင်ဒုက္ခသည်များ နေရပ်ပြန်နိုင်ရန် မြေမြှုပ်မိုင်းများ အမြန်ရှင်းလင်းစေလို
DVB
·
February 22, 2017
စစ်ရှောင်ဒုက္ခသည်များ နေရပ်ပြန်နိုင်ရန် မြေမြှုပ်မိုင်းများ အမြန်ရှင်းလင်းစေလို
Donate to DVB

ကရင်ပြည်နယ် နယ်စပ်ဒေသက ရွှေ့ပြောင်းသွားလာသူတွေနဲ့ ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေရတဲ့ မိသားစုတွေ နေရပ် ပြန်လည်အခြေချနေထိုင်နိုင်ဖို့အတွက် မြေမြှုပ်မိုင်းတွေကို သက်ဆိုင်ရာ လက်နက်ကိုင်အဖွဲ့တွေက အမြန်ဆုံးရှင်းလင်းဖို့ လိုအပ်နေတယ်လို့ ကရင် အရပ်ဘက် အဖွဲ့အစည်းတွေနဲ့ နိုင်ငံရေးပါတီတွေက ပြောပါတယ်။

ကရင်ပြည်နယ်နဲ့ ထိုင်းနယ်စပ်တလျှောက်မှာ မြေမြှုပ်မိုင်းတွေ ဒီနေ့အချိန်ထိ ရှိနေတာကြောင့် မကြာခဏ မိုင်းထိခံနေရတာတွေ ရှိနေတယ်လို့ ဆိုပါတယ်။

မြေမြှုပ်မိုင်းတွေကြောင့်ပဲ နယ်စပ်နေထိုင်သူ ကရင်တိုင်းရင်းသား ဒေသခံတွေဟာ စစ်ရှောင်စခန်း ဖွင့်လှစ်ထားတဲ့ မြိုင်ကြီးငူကနေ တခြားဒေသကို ပြောင်းရွှေ့နေထိုင်နေရတယ်လို့ ကရင့်ရေးရာကော်မတီ အတွင်းရေးမှူး ဦးကျော်စွာက ပြောပါတယ်။

မြိုင်ကြီးငူစစ်ရှောင်စခန်းမှာ နေထိုင်သူတွေ နေရပ်ပြန်ရေးနဲ့ပတ်သက်ပြီး ကရင်ပြည်နယ် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးပေါင်းစောင့်ကြည့်ရေးကော်မတီ (JMC-S) ဒု-ဥက္ကဋ္ဌ ၂ အရပ်သားကိုယ်စားလှယ်အဖြစ် ပါဝင်သူ နန်းစေအွာက “ပြန်ဖို့ လက်ရှိမှာတော့ သူတို့ရဲ့ဒေသမှာ မိုင်းတွေရှိနေသေးတယ်။ မိုင်းက မရှင်းနိုင်သေးဘူး ဖြစ်နေတယ်” လို့ ပြောပါတယ်။

စစ်မှန်တဲ့ငြိမ်းချမ်းရေး မရပါက ကရင်ပြည်နယ်စပ်မှာ မြေမြှုပ်မိုင်းကင်းရှင်းရေး လုံးဝ မဖြစ်နိုင်ဘူးလို့ ကရင်ပြည်နယ်၊ ဘားအံမြို့က ကရင်ပြည်နယ် အရေးတွေကို ဆောင်ရွက်နေတဲ့ အရပ်ဘက်အဖွဲ့အစည်းဖြစ်တဲ့ ကရင့်ရေးရာကော်မတီ အတွင်းရေးမှူး ဦးကျော်စွာက ပြောပါတယ်။

“ကရင်ပြည်နယ် မြေမြှုပ်မိုင်းကိစ္စကတော့ အစိုးရနဲ့ ပြည်သူက တောင်းဆိုချင် တောင်းဆိုလိမ့်မယ်။ ဒါပေမယ့် တကယ်တမ်းကတော့ စစ်မှန်တဲ့ ငြိမ်းချမ်းရေးစာချုပ် သဘောတူညီချက် မရသေးဘဲနဲ့တော့ ကျနော်တို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေက လက်ခံဦးမှာ မဟုတ်ဘူး။ လက်မှတ် နောက်တဆင့်ထိုးပြီးမှသာ လက်ခံကောင်း လက်ခံလိမ့်မယ်။”

ဒီနေ့အထိ ကရင်ပြည်နယ် မြိုင်ကြီးငူ ဘုန်းတော်ကြီးကျောင်း စစ်ရှောင်စခန်းမှာ မြေမြှုပ်မိုင်း အန္တရာယ်ကြောင့် နေရပ်မပြန်သေးတဲ့ ဒုက္ခသည်ပေါင်း ၅၀၀၀ ကျော် ရှိနေသေးတယ်လို့ သိရပါတယ်။

မင်းရဲစစ်နိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013