DVB Logo
Home
မြန်မာသတင်း
တိုင်းရင်းသားတပ်ဖွဲ့ ၈ ဖွဲ့ တက်ရောက်သည့် ပန်ခမ်း အစည်းအဝေးပွဲ စတင်
DVB
·
February 22, 2017
တိုင်းရင်းသားတပ်ဖွဲ့ ၈ ဖွဲ့ တက်ရောက်သည့် ပန်ခမ်း အစည်းအဝေးပွဲ စတင်
Donate to DVB

 

ဒုတိယအကြိမ် ပင်လုံညီလာခံကျင်းပရေးနဲ့ပတ်သက်တဲ့ အမြင်သဘောထားတွေနဲ့ ရပ်တည်ချက်များကို ဆွေးနွေးမယ့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တို့ရဲ့ အစည်းအဝေးပွဲကို ၀ ဒေသ ပန်ခမ်းမှာ ဒီနေ့ စတင်ကျင်းပနေပါတယ်။

အစည်းအဝေးပွဲကို ကရင်နီတိုးတက်ရေးပါတီနဲ့ မွန်ပြည်သစ်ပါတီ ၂ ဖွဲ့ကလွဲလို့ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့ ၈ ဖွဲ့ တက်ရောက်နေပြီး ဖေဖော်ဝါရီ ၂၄ ရက်ထိ ၃ ရက်ကြာ ကျင်းပပြုလုပ်မှာ ဖြစ်ပါတယ်။

အစည်းအဝေးပွဲကို ၀ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်က ကမကထပြု ကျင်းပနေတာလို့ အစည်းအဝေးကျင်းပရေး အတွင်းရေးမှူးအဖွဲ့က ထုတ်ပြန်ကြေညာထားပါတယ်။

တတိယအကြိမ် ပြုလုပ်တဲ့ ပန်ခမ်း အစည်းအဝေးပွဲကို ရခိုင့်တပ်မတော် အေအေ၊ ကချင်ပြည် လွတ်လပ်ရေးအဖွဲ့ ကေအိုင်အို၊ မြန်မာအမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်ဖွဲ့ အမ်အန်ဒီအေအေ၊ ပလောင်ပြည်လွတ်မြောက်ရေးတပ်ဦး တီအန်အယ်လ်အေ၊ ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် အက်စ်အက်စ်ပီပီ အက်စ်အက်စ်အေ၊ ရှမ်းပြည်နယ်အရှေ့ပိုင်း အမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်ဖွဲ့ ပီအက်စ်စီ အန်ဒီအေအေနဲ့ အထူးဖိတ်ကြားထားသူ ၂ ဦးတို့ တက်ရောက်နေကြပါတယ်။

တပ်ဖွဲ့ ၁၀ ဖွဲ့ ဖိတ်ကြားထားတဲ့အနက် ကရင်နီတိုးတက်ရေးပါတီ ကေအန်ပီပီနဲ့ မွန်ပြည်သစ်ပါတီ အန်အမ်အက်စ်ပီတို့ဟာ အခြေအနေ ထူးခြားမှုကြောင့် စေလွှတ်တက်ရောက် နိုင်ခြင်း မရှိဘဲ စာတမ်းတင်သွင်းတာပဲ လုပ်ဆောင်သွားမယ်လို့ အစည်းအဝေး အတွင်းရေးမှူးအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

ဒီဗွီဘီရဲ့ သီးခြားစုံစမ်းချက်အရ အဲ့ဒီ ၂ ဖွဲ့ရဲ့ ကိုယ်စားလှယ်များဟာ မြန်မာပြည်ထဲက ဖြတ်သန်းသွားလာဖို့အတွက် အစိုးရက လုံခြုံရေးအာမခံချက်မပေးလို့  မတက်ရောက်နိုင်ကြတာလို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013