DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံရှိ လူဦးရေ ၅ သိန်းကျော်အတွက် လူသားချင်းစာနာမှုအကူညီလိုအပ်နေ
DVB
·
February 21, 2017
မြန်မာနိုင်ငံရှိ လူဦးရေ ၅ သိန်းကျော်အတွက် လူသားချင်းစာနာမှုအကူညီလိုအပ်နေ
Donate to DVB

ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နဲ့  ရခိုင်ပြည်နယ်ရှိ နေရပ်စွန့်ခွာ တိမ်းရှောင်နေကြရသူ  ၂သိန်းကျော် အပါအဝင် မြန်မာနိုင်ငံရှိ လူဦးရေ ၅ သိန်းကျော်လောက်အတွက်  လူသားချင်းစာနာမှု အကူအညီတွေ လိုအပ်နေတယ်လို့  ကုလသမဂ္ဂ UNOCHA အဖွဲ့က အစီရင်ခံစာထုတ်ပြန်ပါတယ်။

၂၀၁၇ ခုနှစ်အတွင်း မြန်မာနိုင်ငံရှိ လူပေါင်း ၅၂၅,၀၀၀ အတွက်လူသားချင်းစာနာမှုဆိုင်ရာ အကာကွယ်ပေးဖို့နဲ့ အကူအညီပေးဖို့ အမေရိကန် ဒေါ်လာ သန်း ၁၅၀ လိုအပ်နေတယ်လို့ လည်း ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်တုန်းကတော့ ရေဘေးဒဏ်ခံရတဲ့ လူပေါင်း ၄သိန်းခွဲလောက်အတွက် အကူညီပေးဖို့ပါဝင်တဲ့အတွက်  အမေရိကန် ဒေါ်လာ သန်း ၁၉၀ လိုအပ်ခဲ့ပြီး အခုနှစ်မှာတော့ ရန်ပုံငွေလိုအပ်ချက် ၂၁ ရာခိုင်နှုန်းကျဆင်းသွားတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ  ဒီမိုကရေစီ နည်းကျ ရွေးကောက်တင်မြှောက်တဲ့ အစိုးရသစ်တက်လာတဲ့ပြီးနောက် နိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ဆက်ဖြစ်လာခဲ့တဲ့လျောက်   နိုင်ငံရေးနဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေကို  ဘက်ပေါင်းစုံမှာ တိုးတက်လာတာမြင်တွေ့ရတာဟာ အားတက်စရာဖြစ်တယ်လို့  ကုလသမဂ္ဂ  လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံးရဲ့ ဌာနေကိုယ်စားလှယ် ရီနာတာဒက်ဆယ်လီရန်က အစီရင်ခံစာမှာ ပြောပါတယ်။

ကောင်းမွန်တဲ့ တိုးတက်မှုတွေရှိနေပေမယ့်  တိုင်းပြည်မှာ စိန်ခေါ်မှုအခက်အခဲတွေ အများကြီး ဆက်လက်ရင်ဆိုင်နေရတယ်၊ ပဋိပက္ခတွေ၊ အကြမ်းဖက်မှုတွေကြောင့် ကချင်၊ ရှမ်းနဲ့ ရခိုင်ပြည်နယ်တွေမှာ  အမျိုးသမီးနဲ့ ကလေးငယ်အများစုအပါအ၀င် လူပေါင်း ၂၁၈,၀၀၀ လောက်ဟာ ဒုက္ခသည်စခန်းတွေ ဒါမှမဟုတ် ကျေးရွာတွေမှာ နေစရာမဲ့ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့လည်း ကုသမဂ္ဂ အစီရင်ခံစာမှာ ဖော်ပြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013