
အခွန်ဆောင်ဖို့ ကြေညာထားတဲ့ ကားတင်သွင်းခွင့်ယူထားတဲ့ ကုမ္ပဏီတွေဟာ အခွန် လာမဆောင်ရင် ဥပဒေအရ အရေးယူတရားစွဲဆိုတာတွေ ပြုလုပ်သွားမယ်လို့ ပြည်တွင်းအခွန်များ ဦးစီးဌာနက ပြောပါတယ်။
ကားတင်သွင်းခွင့် ရရှိခဲ့ထားပြီး ပြည်တွင်းမှာ ကားတင်းသွင်း ရောင်းချနေတဲ့ ကုမ္ပဏီတွေဟာ အခွန်လာမဆောင်ရင် သက်ဆိုင်ရာအခွန်ဥပဒေအရ ဒါရိုက်တာစာရင်းမှာ ပါဝင်နေသူတွေကို တရားစွဲဆိုသွားမှာ ဖြစ်ပါတယ်။
ပြည်တွင်းအခွန်များဦးစီးဌာနက အခွန်စည်းကြပ်မှု ယူခဲ့ဖို့ ကျန်နေတဲ့ ကားကုမ္ပဏီ ၁၂၀ ကျော်ကို အခွန်လာဆောင်ဖို့ ကြေညာခဲ့တဲ့နေရာမှာ ၈၀ ကျော်က လာရောက်ပြီး အခွန်စည်းကြပ်မှု ခံယူနေပါတယ်။
ကျန်နေသေးတဲ့ ကုမ္ပဏီ ၄၀ လောက်ကလည်း ထပ်မံလာရောက်ပြီး အခွန်စည်းကြပ်မှု ခံယူနိုင်တယ်လို့ ပြည်တွင်းအခွန်များဦးစီးဌာ နညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်က ဆိုပါတယ်။
ဒါပေမယ့် အခွန်စည်းကြပ်မှု လုံးဝမလုပ်တဲ့ ကုမ္ပဏီတွေကိုတော့ ဥပဒေအရ တရားစွဲဆိုသွားမှာပါ။
သတင်း - ပြည့်ဖြိုးကျော်











