DVB Logo
Home
Lead Story
အမေရိကန်ဆေးရုံ သတိပေးချက်ကိစ္စ ရွှေပြည်နန်းပိုင်ရှင် ရှင်းလင်း
DVB
·
February 21, 2017
အမေရိကန်ဆေးရုံ သတိပေးချက်ကိစ္စ ရွှေပြည်နန်းပိုင်ရှင် ရှင်းလင်း
Donate to DVB

ရွှေပြည်နန်းသနပ်ခါး အမှတ်တံဆိပ် ထုတ်ကုန်ပစ္စည်းမှာ ခဲဓာတ်ပါဝင်မှုမြင့်မားတယ်၊   ပါးစပ်ထဲဝင်ပါက အန္တရာယ်ရှိနိုင်တယ်၊ ကိုယ်ဝန်ဆောင်များ၊ ကလေးများ မသုံးစွဲသင့်ပါဆိုပြီး အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့ ဆေးရုံတရုံက သတိပေးချက်တခု လူမှုကွန်ရက်စာမျက်နှာတွေမှာ ပျံ့နှံ့နေပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ရွှေပြည်နန်းပိုင်ရှင် ဦးကျော်မင်းကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းရာမှာ  ရွှေပြည်နန်းသနပ်ခါးဟာ ဘေးအန္တရာယ်ကင်းရှင်းကြောင်း စစ်ဆေးချက်လုပ်ထားပြီးသားဖြစ်တယ်လို့ ပြောပါတယ်။

ဦးကျော်မင်းရဲ့ ရှင်းလင်းပြောကြားချက် အပြည့်အစုံ

“အခုဖြစ်တဲ့ဟာက ဒီဇာတ်လမ်းရဲ့ တကယ့်အစက ဒီဆေးရုံမှာ ဖြစ်တာမဟုတ်ဘူး။ နယူးယောက် Health Care Department ကနေပြီးတော့ သူ့ရဲ့ Page ပေါ်မှာ နောက်မှ ပြန်သိရသလောက်ဆိုရင် ၂၀၁၃ လောက်တုန်းကတည်းက တင်ထားတာ။ အထဲမှာ ရေးထားတဲ့စာကတော့ သူက ရွှေပြည်နန်းရယ်လို့ ပြောတာမဟုတ်ဘူး။ သနပ်ခါးအားလုံးကို ခြုံပြီးတော့ပြောတာ။ ဒါပေမယ့် ဓာတ်ပုံမှာ သူက ရွှေပြည်နန်းကို တင်ထားတယ်။ တင်ထားတဲ့အခါကျတော့ ၂၀၁၆ ဧပြီ ၁၀ ရက်နေ့ကျမှ အဲဒီကိစ္စကိုသိတယ်။ အဲဒီမှာ မိတ်ဆွေတယောက်က ပြောတယ်။ ဒီလိုပဲ နယူးယောက် Health Care ပေါ့နော်၊ အဲဒီမှာ ရွှေပြည်နန်းပုံကြီးကို တင်ထားတယ်ဆိုပြီးတော့ပေါ့။ အဲဒီတော့ ဘာလုပ်လဲဆိုတော့ အမေရိကန် FDA ကနေပြီး အသိအမှတ်ပြုတဲ့ TUV ဆိုတဲ့ နိုင်ငံတကာဓာတ်ခွဲခန်းရှိတယ်။ အဲဒီမှာ ၂၀၁၂ မှာ တကြိမ်၊ နောက်ပြီးတော့ ၂၀၁၆ နှစ်စမှာ တကြိမ် အခု ပြောထားတဲ့ ခဲတွေတင်မကဘူး။ Heavy Metal အားလုံးကို ဘေးအန္တရာယ်ကင်းရှင်းကြောင်း အဲဒီစစ်ဆေးချက်က လုပ်ပြီးသား ဦးတို့မှာရှိတယ်။ အဲဒီအထောက်အထားတွေနဲ့ ခင်ဗျားတို့မှားနေတယ် ဆိုပြီးတော့ နယူးယောက် Health Care ကို လှမ်းပြီးတော့ ပို့လိုက်တယ်။ အဲဒီအခါကျတော့ နယူးယောက် Helath Care ကနေ မှတ်မိသလောက်ဆိုရင် ဧပြီ ၃၀ ရက်နေ့လောက်မှာ တင်ထားတဲ့ ရွှေပြည်နန်းပုံက ပြန်ဖြုတ်ပေးလိုက်တယ်။”

“ဘယ်လိုခေါ်မလဲ ဦးတို့ထင်တာတော့ သူတို့ အမေရိကားမှာ သနပ်ခါးဆိုတာလည်း ဘာမှန်းမသိ ညာမှန်းမသိ ဆိုလိုတဲ့သဘောက သနပ်ခါးတခုခုမှာ သူတို့တွေ့ပါလိမ့်မယ်။ ပြောချင်တာက။ မြန်မာနိုင်ငံမှာလည်း သနပ်ခါးအများကြီးထုတ်တာကိုး၊ တခုခုမှာ သူတွေ့လိမ့်မယ်။ အမေရိကန်ကတော့ မတွေ့ဘဲနဲ့ သူပြောမှာမဟုတ်ဘူး။ ဒါပေမယ့်လည်း သနပ်ခါးဆိုပြီး အင်တာနက်မှာ ခေါက်လိုက်ရင် ရွှေပြည်နန်းပဲ ထွက်လာတာ။ ထွက်တဲ့အခါကျတော့ တွေ့တဲ့ပုံကို သူကောက်ပြီးတော့ တင်လိုက်တယ်လို့ ယူဆတယ်။ ဒါကြောင့်မို့ သူတို့ကို ပြန်ရှင်းတဲ့အခါမှာ တင်ထားတဲ့အခါမှာတော့ ရွှေပြည်နန်းလို့ မတင်ဘူး။ မြန်မာသနပ်ခါးမှာ ခဲစိမ်းတွေ့တယ်လို့ပဲ တင်တယ်။ မြန်မာသနပ်ခါးတွေမှာပေါ့။ ဒါပေမယ့် ပုံကျတော့ ရွှေပြည်နန်းပုံကြီးကို သူက ကောက်တင်ထားတယ်။ တင်ထားတဲ့အခါကျတော့ ဒါကြောင့်မို့ ဦးတို့က နိုင်ငံက အထောက်အထားနဲ့ ပို့လိုက်တဲ့အခါမှာ အဲဒီကျမှ သူက ပြန်ဖြုတ်ပေးတာ။ နောက်တခုက တကယ်တမ်း ပြောရရင် ပြဿနာဖြစ်တာ သူစတင်တာ ၂၀၁၃ ဒါပေမယ့် မသိဘူး။ စသိတာ ၂၀၁၆ မှ သိတာ။ ဒါတောင်မှ သူများပြောလို့ သိတာ။ ဒါပေမယ့် ကံကောင်းတာက ၂၀၁၂ ကတည်းက TUV မှာ စစ်ဆေးပြီးသား။ ရှင်းရှင်းပြောရရင် ဦးတို့က တမင်လုပ်ကြံထားတဲ့ကိစ္စလည်း မဟုတ်ဘူး။ ၂၀၁၂ မှာ တကြိမ်၊ သူတို့ မတွေ့ခင် ၂၀၁၆ နှစ်ဆန်းပိုင်းမှာတကြိမ်၊ ဆိုတော့ အဲဒါကို ပို့လိုက်တဲ့အချိန်မှာ သူတို့ဘက်က အမှားမှန်းသိပြီး သူတို့ ပြန်ဖြုတ်သွားတယ်။”

“အမေရိကန် ကျန်းမာရေးဌာန အထဲကို ဝင်ကြည့်ရင် မတွေ့တော့ဘူး။ မတွေ့ဘဲနဲ့ သူက ဘာလုပ်ထားလဲဆိုတော့ သူက မြန်မာမိန်းကလေးတယောက် သနပ်ခါးလိမ်းထားတဲ့ပုံပဲ တင်တော့တယ်။ မြန်မာ့သနပ်ခါးလို့ပဲ သူရေးထားပြီးတော့ မြန်မာမိန်းကလေးတယောက် သနပ်ခါးလိမ်းတဲ့ပုံပဲ တင်တယ်။ ရွှေပြည်နန်းဘူးကို တင်ထားတဲ့ပုံကို သူတို့ပြန်ဖြုတ်လိုက်ပြီ။”

“နယူးယောက်ကျန်းမာရေးဌာန ဝက်ဘ်ဆိုက်မှာ သူက ၂၀၁၃ မှာ တင်ပြီ ဆိုကတည်းကတော့ ဆေးရုံတွေအားလုံးကိုလည်း ကျိန်းသေ သူ အကြောင်းကြားမှာပဲလေ။ အကြောင်းကြားမယ်ဆိုတော့ အဲဒီဆေးရုံတွေမှာ ခုနပြောတဲ့ အရင်အဟောင်းကြီးက သူတို့ဆီမှာရှိနေတယ်။ အဟောင်းကြီးက ရှိနေတဲ့အတွက် အခုတွေ့တာက အမေရိကန်ဆေးရုံမှာ  နယူးယောက်ဌာနရဲ့အောက်မှာ ဆေးရုံအောက်မှာပဲ ဆေးရုံပေါင်းက ထောင်ချီရှိမှာလေ။ အသေးလေးတွေရော ဘာရောပေါ့။ အဲဒီထဲက ဆေးရုံတရုံမှာ အရင်လက်ကျန်ပေါ့နော်။ Report လုပ်ထားတာကို နယူးယောက် Health Care ကလည်း ဦးတို့ဟာကို ပြန်ဖြုတ်ပေးလိုက်ပြီဆိုတာကို အောက်ကလူတွေကို Report လုပ်တာသော်လည်းကောင်း၊ Report လုပ်ပြန်ရင်လည်း အဲဒီဆေးရုံက မဖြုတ်တာသော်လည်းကောင်း ရှိမှာပေါ့။ အဲဒီအကျန်ကို ဆေးရုံမှာကပ်ထားတယ်ဆိုတာကို တွေ့တယ်ဆိုတာ အဲဒါပါပဲ။ ဦးတို့ကတော့ အဲလိုပဲ သုံးသပ်ချက်ချတယ်။ အဲထက်အသေးစိတ်တော့ မသိဘူး။ ဒါပေမယ့် ကျိန်းသေတာက ဆေးရုံနဲ့ နယူးယောက် Health Care ဌာနနဲ့ဆိုရင် နယူးယောက်ဌာနက သူကထိပ်ကကိုး။ သူက ဦးစီးဌာနကိုး။"

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013