DVB Logo
Home
မြန်မာသတင်း
ဂျပန်အလည်အပတ်ခရီးစဉ်သွားသည့် မြန်မာခရီးသွားအချို့ ထွက်ပြေးမှုရှိနေ
DVB
·
February 21, 2017
ဂျပန်အလည်အပတ်ခရီးစဉ်သွားသည့် မြန်မာခရီးသွားအချို့  ထွက်ပြေးမှုရှိနေ
Donate to DVB

 

ဂျပန်-မြန်မာ နှစ်နိုင်ငံ ခရီးသွားလုပ်ငန်းတွေ မြှင့်တင်နေချိန်မှာ  ဂျပန်နိုင်ငံသို့ မြန်မာနိုင်ငံမှ အလည်အပတ်ခရီးစဉ်သွားရောက်တဲ့ မြန်မာခရီးသည်တချို့ တိမ်းရှောင်ထွက်ပြေးတာတွေ ရှိနေပါတယ်။

၂၀၁၇ ဖေဖော်ဝါရီ ၁၃ ရက်ကလည်း ဂျပန်အလည်အပတ်ခရီးစဉ် တခုအတွင်းမှ ယိုကိုဟားမားမြို့အနီး ဟော်တယ်တခုမှာ တည်းခိုနေစဉ် ခရီးသည်အမျိုးသား ၄ ယောက်၊ အမျိုးသမီး ၁ ယောက်တို့က ပတ်စပို့စ်များ ရှာဖွေယူဆောင်သွားပြီး တိမ်းရှောင်သွားမှု ဖြစ်ပွားခဲ့တယ်လို့ အဆိုပါခရီးစဉ်ရဲ့ ခရီးသွားအေဂျင်စီ  တာဝန်ရှိသူ  မစန္ဒာဝင်းက ဒီဗွီဘီကို ပြောပါတယ်။

“အခု ကျမတို့ ဂျပန်သံရုံး၊ ဂျပန်ရဲစခန်း၊ လ၀ကကိုလည်း အမှုဖွင့်တိုင်ကြားထားတယ်။”

နှစ်စဉ် အခုလို တိမ်းရှောင်ထွက်ပြေးမှုတွေ ရှိနေတာကြောင့် အထင်ကရ သာသနာပြု မြန်မာဘုန်းတော်ကြီးတွေပါ  ဂျပန်နိုင်ငံပြည်ဝင်ခွင့်ကို တင်းကျပ်စွာ စစ်ဆေးခံနေရတယ်လို့လည်း သိရပါတယ်။

ဂျပန်-မြန်မာ ခရီးသွားလုပ်ငန်းရှင်တဦးဖြစ်တဲ့ မမို့မို့ထွန်းက “ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းက ဂျပန်လေဆိပ်မှာ သီတဂူဆရာတော်ဘုရားကြီးနဲ့ အတူပါလာသူတွေကိုတောင် အချိန်အတော်ကြာ စစ်ဆေးခံရတာတွေ့ရလို့ မြန်မာနိုင်ငံအတွက် အရမ်းစိတ်မကောင်းဖြစ်ရတယ်”လို့ ပြောပါတယ်။

မြန်မာနိုင်ငံက ခရီးသွားလုပ်ငန်းတွေ ဖွံ့ဖြိုးဖို့ ကြိုးစားနေချိန်မှာ ဂျပန်တွေက အယုံအကြည် ကင်းမဲ့လာပြီး လုပ်ငန်းထိခိုက်နှောင့်နှေးမှုတွေ ဖြစ်လာတယ်လို့လည်း ခရီးသွားလုပ်ငန်း လုပ်ငန်ကိုင်သူတွေက ပြောပါတယ်။

“ဧပြီလ ပိတ်ရက်အတွင်းမှာ မြန်မာနိုင်ငံက တကယ်လာမယ့်သူတွေ ခရီးစဉ်တွေအတွက် ဂျပန်ဘက်က ဖျက်သိမ်းတာတွေရှိနေပြီး ဂျပန်ဘက်က ဗီဇာကို ပိုပြီး တင်းကျပ်လာလိမ့်မယ်လို့ ထင်ပါတယ်” လို့လည်း ဂျပန်အခြေစိုက် ခရီးသွားကုမ္ပဏီတခုက ဒီဗွီဘီကို ပြောပါတယ်။

ယခုနှစ်ပိုင်းအတွင်း မြန်မာပြည်တွင်းကုမ္ပဏီများမှ ကုမ္ပဏီဝန်ထမ်းများကို ဂျပန်နိုင်ငံသို့ အုပ်စုလိုက် အလည်အပတ်ခရီးစဉ်များ စေလွှတ်မှုများ မြင့်တက်လာတယ်လို့ ခရီးသွားအေဂျင်စီတွေ ထံက စုံစမ်း သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013