ရန်ကုန်မြို့၊၊ တောင်ဥက္ကလာပ ပန်းချီဆရာများရဲ့ 11 Dreams in February ပန်းချီပြပွဲကို ရန်ကုန်မြို့ ၄၃ လမ်း (မဟာဗန္ဓုလလမ်းနဲ့ ကုန်သည်လမ်းကြား) ရှိ 43 Art Gallery မှာ ဖေဖော်ဝါရီ ၁၉ ရက်ကနေ ၂၄ ရက်နေ့အထိ ပြသနေပါတယ်။
ပြပွဲမှာ ပန်းချီဆရာပေါင်း ၁၁ ယောက်ရဲ့ ပန်းချီကားပေါင်း ၅၀ နီးပါးကို ပြသထားပါတယ်။
ပန်းချီကားတွေဟာ လက်ရာစုံ၊ အရောင်စုံ၊ နည်းစနစ်စုံနဲ့ ရေးဆွဲထားပြီး အလင်းအမှောင်၊ အထားအသို၊ ဖွဲ့စည်းပုံ၊ အရောင်တွဲလုံးတွေ ကောင်းမွန်လှပပါတယ်။
အထူးသဖြင့် ပြခန်းရဲ့ အလင်းအမှောင် အပြင်အဆင်ဟာ ပန်းချီကားတွေကို ပိုမိုစိတ်ဝင်စားအောင် စွမ်းဆောင်ထားတာ တွေ့ရပါတယ်။
ဒီပြပွဲဟာ 43 art gallery ရဲ့ တတိယမြောက်ပြပွဲ ဖြစ်ပါတယ်။
သတင်း၊ ဓာတ်ပုံ - သားကြီးမောင်ဇေယျ











