DVB Logo
Home
မြန်မာသတင်း
ကြားဖြတ်ရွေးကောက်ပွဲအောင်နိုင်ရေး အန်အယ်လ်ဒီပါတီဝင်များ တွေ့ဆုံ
DVB
·
February 21, 2017
ကြားဖြတ်ရွေးကောက်ပွဲအောင်နိုင်ရေး အန်အယ်လ်ဒီပါတီဝင်များ တွေ့ဆုံ
1 / 4
Donate to DVB

 

ရန်ကုန်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှာ ကြားဖြတ်ရွေးကောက်ပွဲအောင်နိုင်ရေး အန်အယ်လ်ဒီ ပါတီဝင်တွေ မနေ့က တွေ့ဆုံခဲ့ကြပါတယ်။

အန်အယ်လ်ဒီပါတီရဲ့ ဗဟိုအလုပ်အမှုဆောင်အချို့အပါအဝင် ကြားဖြတ်ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ရန်ကုန်တိုင်းဒေသကြီးအတွင်းက လွှတ်တော်ကိုယ်စားလှယ်လောင်းတွေနဲ့ ရွေးကောက်ပွဲကျင်းပမယ့် ရန်ကုန်တိုင်း ၁၁ မြို့နယ်က ခရိုင်၊ မြို့နယ်ပါတီ အလုပ်အမှုဆောင်တွေဟာ ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် ဖေဖော်ဝါရီလ ၂၀ ရက်နေ့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးချုပ်မှာ တွေ့ဆုံခဲ့ကြတာပါ။

ရွေးကောက်ပွဲဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာဖို့နဲ့ ပြည်သူတွေ ရွေးကောက်ပွဲကို စိတ်ဝင်စားလာအောင် ဆောင်ရွက်ဖို့ မှာကြားခဲ့တယ်လို့ အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် အတွင်းရေးမှူးအဖွဲ့ဝင် ဦးဉာဏ်ဝင်းက ပြောပါတယ်။

ရန်ကုန်တိုင်း အောင်နိုင်ရေးအတွက် ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ရန်ကုန်တိုင်း ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းနဲ့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဦးဝင်းမြင့်တို့က တာဝန်ယူထားတယ်လို့လည်း သိရပါတယ်။

ဦးဝင်းမြင့်အနေနဲ့ ရန်ကုန်တိုင်းဒေသကြီးအတွင်းက ရွေးကောက်ပွဲကျင်းပမယ့် လစ်လပ် မဲဆန္ဒနယ် ၅ နေရာမှာ မဲဆွယ်စည်းရုံးရေးအတွက် လာရောက်ဟောပြောပေးသွားမှာလို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးဝင်းမင်းက ပြောပါတယ်။

ဧပြီလ ၁ ရက်နေ့မှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ အန်အယ်လ်ဒီက လစ်လပ်မဲဆန္ဒနယ် ၁၉ နေရာမှာ ၁၈ နေရာ ဝင်ရောက်ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။

 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013