DVB Logo
Home
မြန်မာသတင်း
ချင်းမိုင်တွင် နေအိမ်ဖောက်ထွင်းသည့် မြန်မာ ၁ ဦးဖမ်းမိ၊ ခိုးယူခဲ့သည့်ရွှေများ အတုဖြစ်နေ
DVB
·
February 20, 2017
ချင်းမိုင်တွင် နေအိမ်ဖောက်ထွင်းသည့် မြန်မာ ၁ ဦးဖမ်းမိ၊ ခိုးယူခဲ့သည့်ရွှေများ အတုဖြစ်နေ
Donate to DVB

 

ထိုင်းနိုင်ငံချင်းမိုင်ခရိုင် ဆန်ဆိုင်းမြို့နယ်ထဲမှာ အလုပ်လက်မဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတဦးက သုံးစရာငွေမရှိတဲ့အတွက် အိမ်တစ်ကို ဖောက်ထွင်းပြီး  လက်ဝတ်လက်စား နဲ့ တယ်လီဖုံးတွေ ခိုးသွား ရာမှာ ဆွဲကြိုးနဲ့ လက်စွပ်တွေဟာ ရွှေရည်စိမ်အတုတွေဖြစ်ပြီး သူကပါ အဖမ်းခံလိုက်ရပါတယ်။

ဆန်ဆိုင်းမြို့နယ် ပါဖိုင်ရပ်ကွက် ၁၁ ထဲမှာ အိမ်တလုံးဖောက်ထွင်းခံရပြီး ပစ္စည်းတွေအခိုးခံရကြောင်း တိုင်တန်းချက်ရရှိတဲ့အတွက် တာဝန်ရှိရဲတွေက လိုက်လံစုံစမ်းရှာဖွေရာမှာ သူခိုးဖြစ်သူကို ဖေဖော်ဝါရီလ ၁၉ ရက် မနက် ၁၁ နာရီမှာ ဖမ်းဆီးရမိခဲ့တယ်လို့ မယ်ကျို့နယ်မြေရဲစခန်း တာဝန်ကျ ဒုရဲမှူး ကျီရဖတ် ဆဒ်ဆုန်က သတင်းထောက်တွေကို ပြောပါတယ်။

ရဲတပ်ဖွဲ့ဝင်တွေက ပါဖိုင်ရပ်ကွက်ထဲမှာ သူခိုးကိုလိုက်လံရှာဖွေစဉ် သံသယဖြစ်ဖွယ်လူငယ်တဦးက စက်ဘီးနင်းလာတာတွေ့ရကြောင်း၊ အဆိုပါလူငယ်မှာ ရဲကိုတွေ့တာနဲ့ စက်ဘီးကိုပစ်ချပြီး လမ်းဘေး ရှိတောအုပ်ထဲ ပြေးဝင်သွားလို့ အနောက်ကလိုက်လံ ဖမ်းဆီးရမိခဲ့တာလို့ ဆိုပါတယ်။

လူငယ်မှာ အသက် ၁၈ နှစ်ရွယ် နိုင်းခမ်း ခေါ် နိုင်းခေး ဆိုသူ မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမားဖြစ်ပြီး လောလောဆယ်အလုပ်လက်မဲ့ဖြစ်နေတဲ့အတွက် နေ့စဉ်သုံးစရာငွေ မရှိလို့  အခုလိုကြံမိ တာဖြစ်ကြောင်း ၀န်ခံသွားပါတယ်။

သူ့ထံကနေ ခိုးရာပါပစ္စည်းတွေဖြစ်တဲ့ ရွှေရည်စိမ် ဆွဲကြိုး ၂ ကုံး နဲ့ လက်စွပ် ၁ ကွင်း၊ တယ်လီဖုန်း တလုံး၊ ဖုန်းဓာတ်အားသွင်းကြိုးတစ်စုံ နဲ့ ဖောက်ထွင်းရာမှာအသုံးပြုတဲ့ ကျောက်လှည့်တံ ၃ ခု၊ အိတ်တလုံး နဲ့  ဆိုင်ကယ်တစီးတို့ကိုပါ သိမ်းဆည်းရမိတယ်လို့ ဆိုပါတယ်။

နိုင်းခမ်းမှာ ထိုင်နီုင်ငံထဲနေထိုင်ခွင့် အထောက်အထားမှမရှိတဲ့အတွက် သူတပါးအိမ်ယာတွင်းေ ဖာက်ထွင်း ၀င်ရောက်မှု၊ ခိုးမှုတွေအပြင်  ထိုင်းနိုင်ငံတွင်း တရားမ၀င် ၀င်ရောက်မှုတွေနဲ့ပါ အရေးယူခံရ မယ်လို့ ရဲမှူးက ပြောသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013