DVB Logo
Home
မြန်မာသတင်း
မွန်ဝန်ကြီးချုပ်ရာထူးက နှုတ်ထွက်ခြင်းမပြုရန် ဒေသခံ ၁၀၀ ခန့်တောင်းဆို
DVB
·
February 20, 2017
မွန်ဝန်ကြီးချုပ်ရာထူးက နှုတ်ထွက်ခြင်းမပြုရန် ဒေသခံ ၁၀၀ ခန့်တောင်းဆို
1 / 6
Donate to DVB

 

မွန်ပြည်နယ် ၀န်ကြီးချုပ် ရာထူးက နှုတ်ထွက်ခြင်း မပြုလုပ်ဖို့ ဒေသခံပြည်သူ ၁၀၀လောက်က ပြည်နယ် အစိုးရရုံးရှေ့မှာ  ဒီကနေ့ မနက် ၁၁ နာရီလောက်က လာရောက် တောင်းဆိုခဲ့ကြပါတယ်။

ဝန်ကြီးချုပ် ဦးမင်းမင်းဦးက သူရဲ့ Facebook စာမျက်နှာမှာ “နှုတ်ထွတ်ပါပြီ။ အားလုံးကို ကျေးဇူးတင်ပါတယ်။ ဖြစ်တည်မှုအားလုံးဟာ ပျက်စီးဖို့ရာ ဓမ္မတာပါဘဲ”လို့ ဖေဖော်ဝါရီ ၁၈ ရက်နေ့ ရက်စွဲနဲ့ သူ့ရဲ့ဖေ့စ်ဘွတ်ခ် မှုကွန်ယက်စာမျက်နှာမှာ ရေးသားထားတာကြောင့် ပြည်နယ် အတွင်းရှိ ဒေသခံ ၁၀၀ လောက်က ၀န်ကြီးချုပ် တာဝန် ဆက်လက်ထမ်းဆောင်ပေးဖို့  တောင်းဆိုခဲ့တာပါ။

ဘီးလင်းမြို့နယ်၊ ကင်းရွာနေ မမော်မော်က  “၀န်ကြီးချုပ်ဦးမင်းမင်းဦးရဲ့ သက်တမ်းမှာ အကောင်းဆုံး ဖြစ်အောင် အားလုံးလုပ်ခဲ့တယ်။ အခုနှုတ်ထွက်တော့မယ်ဆိုတဲ့အကြောင်း အွန်လိုင်းနဲ့ သတင်းစာတွေထဲမှာ တွေ့လို့ ကျမတို့ဒေသခံတွေစုပြီး လာတောင်းဆိုရခြင်းဖြစ်ပါတယ်။ ဒီနေ့လာတဲ့ လူတွေ အားလုံးက ၀န်ကြီးချုပ်ရာထူးကို ပြန်ယူပြီးမွန်ပြည်နယ်ရဲ့အကျိုးကို ဆက်လက်လုပ်စေချင် ပါတယ်”လို့ ပြောပါတယ်။

မွန်ပြည်နယ်အစိုးရရုံးရှေ့ လာရောက် တောင်းဆိုခဲ့သူတွေကို မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦးက ရုံးခန်းမှာ ခေါ်ယူတွေ့ဆုံခဲ့ပြီး ၀န်ကြီးချုပ် ရာထူးနှုတ်ထွက်မယ့်ကိစ္စကို ပြည်နယ် အစိုးရအဖွဲ့ဝင်တွေနဲ့  ဆက်လက်ဆွေးနွေးသွားမယ်လို့  ပြောကြားခဲ့ပါတယ်။

မွန်ပြည်နယ်ဝန်ကြီးချုပ်အနေနဲ့ နိုင်ငံတော်သမ္မတရုံးကို ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှာ နှုတ်ထွက် စာတင်သွားမှာဖြစ်ပြီး ၀န်ကြီးချုပ်ရာထူးမှနှုတ်ထွက်ရတဲ့ အကြောင်းအရာတွေထဲမှာ သံလွင် တံတား (ချောင်းဆုံ) အမည်ပေးတဲ့ ကိစ္စလည်း ပါဝင်တယ်လို့ ဦးမင်းမင်းဦးက မီဒီယာတွေကို ပြောပါ တယ်။

"ဒီတနင်္လာနေ့မှာ နိုင်ငံတော်သမ္မတရုံးကိုတော့ တရားဝင်နှုတ်ထွက်စာတင်မယ်ဆိုတာတော့ ကြား ထားတယ်။ အသိအကျတော့ မပြောနိုင်သေးပါဘူး။ ပြောရရင် တစ်နှစ်တာအတွင်း သူရဲ့လုပ်ရည် ကိုင်ရည်မှာ တာဝန်ယူမှုအားနည်းခဲ့တယ်ထင်လို့ သူ့ကိုယ်သူ တာဝန်ခံသွားတာလို့တော့ ထင်ပါတယ်။"လို့ ပေါင်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဇော်ထူးက ဆိုပါတယ်။

မွန်ပြည်နယ်ဝန်ကြီးချုပ်ဟာ ဝန်ကြီးချုပ် တာဝန်ယူခဲ့တဲ့ ကာလအတွင်းမှာ လွှတ်တော်အစည်းအဝေး တက်ဖို့ ပျက်ကွက်တဲ့ကိစ္စ၊ ပြည်နယ်စီမံကိန်းကော်မတီဖွဲ့စည်းရာမှာ စီးပွားရေးလုပ်ငန်းရှင် ထည့်သွင်းတဲ့ကိစ္စနဲ့  စီးပွားရေးလုပ်ငန်းရှင်တွေကို မကြာခဏတွေ့ဆုံနေတဲ့ ကိစ္စတွေနဲ့ ပတ်သက်လို့  ပြည်သူလူထုတွေကြားမှာ ဝေဖန်ခံနေရတာဖြစ်ပါတယ်။

သတင်း - ယူမင်းစိုး

 

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013