DVB Logo
Home
မြန်မာသတင်း
ချင်းမိုင်တွင် မြန်မာ ၃ ဦးပါသည့် ဆိုင်ကယ်ခိုးဂိုဏ်း ဖမ်းမိ
DVB
·
February 20, 2017
ချင်းမိုင်တွင် မြန်မာ ၃ ဦးပါသည့် ဆိုင်ကယ်ခိုးဂိုဏ်း ဖမ်းမိ
1 / 5
Donate to DVB

 

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်ခရိုင်မှာ ဖေဖော်ဝါရီလ ၁၈ ရက်နေ့က မြန်မာ ၃ ဦးပါတဲ့ ဆိုင်ကယ်ခိုး ဂိုဏ်းတစ်ဂိုဏ်း ဖမ်းဆီးရမိတယ်လို့ မန်နေဂျာအွန်လိုင်း ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

ချင်းမိုင်ခရိုင် ဆန်ကန်ဖဲင်းမြို့နယ်ထဲမှာ  ဆိုင်ကယ်တွေ အခိုးခံရတာ၊ လုယက်ခံရတာတွေရှိကြောင်း ပြည်သူတွေရဲ့ တိုင်တန်းချက်အရ တာဝန်ရှိရဲတပ်ဖွဲ့ဝင်တွေက တရားခံကို လိုက်လံစုံစမ်းရှာဖွေရာမှာ ဖေဖော်ဝါရီလ ၁၈ ရက်နေ့က ဆန်ကန်ပိုင်းမြို့ရှိ အငှားအိမ်ခန်းတခုကနေ ဆိုင်ကယ်ခိုးဂိုဏ်းကို ၀င်ဖမ်းခဲ့တယ်လို့ ချင်းမိုင်ခရိုင်ရာဇ၀တ်မှုနှိမ်နင်းရေး ရဲတပ်ဖွဲ့ ရဲမှူးကြီး ဆရာယုဒ် ဆုန်ဝုန်းဖိုးခိုင် က  အများပြည်သူရှေ့မှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းပွဲမှာပြောပါတယ်။

ဖမ်းဆီးရမိသူ ၄ ဦးမှာ နိုင်းမာန ခေါ် တောင်ဆွန်ဝိုင်း (အသက် ၂၆ နှစ်) ထိုင်းလူမျိုးနဲ့ စိုင်းကျွမ်ဆိုင်လွန်းခမ်း (အသက် ၃၀ နှစ်)၊  စိုင်းဝင်း (၃၄ နှစ်) နဲ့ နန်းဆွဲ့ခေး (၃၁ နှစ်) ရှိ မြန်မာနိုင်ငံ သား ၃ ဦးတို့ဖြစ်ပြီး  သူတို့ဆီကနေ ခိုးရာပါဆိုင်ကယ် ၄ စီး၊ ဆိုင်ကယ်မှ ဖြုတ်ထားသော ပစ္စည်းအပိုင်းအစများနဲ့ စိတ်ကြွဆေးပြား အလုံးရေ ၄၀၀ ကိုဖမ်းမိကာ  သူတို့ကျူးလွန်ခဲ့ပုံတွေကိုလည်း အများရှေ့မှာ ပြန်လည်သရုပ်ပြစေခဲ့ပါတယ်။

သူတို့ဟာ ဆိုင်ကယ်ခိုးခြင်း၊ သူများဆိုင်ကယ်လဲအောင် ခြေထောက်နဲ့ကန်ပြီး လုယူခြင်း၊ ရလာတဲ့ ဆိုင်ကယ်တွေကို ဖြုတ်ကာ တခြားအရောင်နဲ့ ဆေးပြန်မှုတ်ခြင်း၊ နဂိုပုံစံပျောက်အောင် ပြုပြင်ခြင်းေ တွပြုလုပ်ပြီး ဆိုင်ကယ်တစ်စီးကို ဘတ် ၃ ထောင်နဲ့ ပြန်ရောင်းကြောင်း၊ တချို့ကျုတော့ ရာဘေ ဆးပြားတွေနဲ့ လဲလှယ်ကြောင်း၊ ရလာတဲ့ငွေကို လည်ပတ်သုံးဖြုန်းပျော်ပါးခဲ့ကြတယ်လို့ ရဲမှူးကြီးက ပြောပါတယ်။

ရဲတပ်ဖွဲ့က သူတို့ကို ဖမ်းမိပြီးတဲ့နောက် သူတို့ဆီကနေ ဆိုင်ကယ်ဝယ်ထားသူတွေ၊ သူတို့ကို ရာဘဆေးပြားရောင်းပေးတဲ့ မူးယစ်ဆေးရောင်းသူတွေ ဆက်လက်ရှာဖွေပြီး ဥပဒေအရ အရေးယူ သွားမယ်လို့ ဆိုပါတယ်။

ဆိုင်ကယ်သုံးသူတွေအနေနဲ့လည်း အခိုးခံရခြင်းမရှိအောင် မိမိဆိုင်ကယ်ကို ခနရပ်ထားတဲ့ခါ သော့တွဲ လွဲနဲ့ မထားခဲ့ဖို့၊  ဆိုင်ကယ်စက်ပိတ်ပြီး သော့ခတ်သွားဖို့  ရဲမှူးကြီးက သတင်းပေးသွားပါတယ်။

ဓာတ်ပုံ -manager.or.th

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013