DVB Logo
Home
မြန်မာသတင်း
အစားအသောက်နှင့် အလှကုန်ပစ္စည်းများ အခမဲ့စစ်ဆေးနိုင်
DVB
·
February 20, 2017
Donate to DVB

အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(အက်ဖ်ဒီအေ)အနေနဲ့  အစားအသောက်နဲ့ အလှကုန်ပစ္စည်းတွေကို ခုသီတင်းပတ်အတွင်း ရန်ကုန်မှာ အခမဲ့ စမ်းသပ်စစ်ဆေးပေးဖို့ အစီအစဉ် ရှိနေပါတယ်။

အက်ဖ်ဒီအေက အစားအသောက်၊ ဆေးဝါး၊ အလှကုန်နဲ့ လူသုံးကုန်ပစ္စည်းတွေ ဘေးအန္တရာယ် ကင်းရှင်းရေးဆိုင်ရာ လူထုပညာပေးပွဲကို လာမယ့် ဖေဖော်ဝါရီ ၂၂ နဲ့ ၂၃ ရက်နေ့တွေမှာ ရန်ကုန်မြို့ ၊ မင်းဓမ္မလမ်းပေါ်က မြန်မာကွန်ဗင်းရှင်းစင်တာ(အမ်စီစီ)မှာ မနက် ၉ နာရီကနေ ညနေ ၅ နာရီအထိ ပြုလုပ်သွားမှာပါ။

အဲဒီပွဲမှာ စားသောက်ကုန်တွေဖြစ်တဲ့ မုန့်ဖတ်၊ ပဲပြား၊ ချင်းချဉ်၊ လက်လုပ်ချဉ်၊ ခေါက်ဆွဲခြောက်၊ ကြာဆံ၊ ငရုတ်သီးမှုန့်၊ နနွင်းမှုန့်၊ ငရုတ်ဆီ၊ မျှစ်၊ ငါးပိ၊ လက်ဖက်၊ အရောင်ပါတဲ့ အချိုရည်တွေ၊ ဂျယ်လီနဲ့ ယိုစုံတွေကို Screening Method (ကနဦး လျင်မြန် စစ်ဆေးနည်း)နဲ့ အခမဲ့ စစ်ဆေးပေးမှာ ဖြစ်ပါတယ်။

ဒါ့အပြင်  အလှကုန်တွေဖြစ်တဲ့ Whitening Cream, Lotion, Makeup နဲ့ Foundation တွေကိုလည်း စစ်ဆေးပေးမှာဖြစ်ပြီး ဘယ်သူမဆို စစ်ဆေးဖို့ ယူဆောင်လာနိုင်တယ်လို့ ဓာတ်ခွဲဌာနရဲ့ ညွှန်ကြားရေးမှူး ဒေါက်တာဒေါ်ခင်ချစ်က ဒီဗွီဘီကို ပြောပါတယ်။

“တချို့ ပစ္စည်းတွေအတွက် အဖြေက ချက်ချင်းရနိုင်ပေမယ့် တချို့အတွက်ကတော့ မနက် စစ်ရင် ညနေမှ ရနိုင်မယ်။ ရတဲ့အဖြေကို နှုတ်နဲ့ပဲ အဖြေပေးနိုင်မှာပါ။ စာရွက်စာတမ်းနဲ့တော့ မပေးနိုင်ပါဘူး”

အစားအသောက်ဆိုရင် အနည်းဆုံးပမာဏ ၅ ကျပ်သား၊ အလှကုန်ဆိုရင် အနည်းဆုံးပမာဏ ၁ ဘူး၊ ဒါမှမဟုတ် ၅ ဂရမ် ယူလာရမှာ ဖြစ်ပြီး စစ်ဆေးမယ့်သူတွေ များပြားနိုင်လို့ တိုကင်စနစ်နဲ့ တန်းစီရနိုင်ပါတယ်။

ဒီအဖြေကို စာရွက်နဲ့ မထုတ်ပေးနိုင်ပေမယ့် ပစ္စည်းတွေရဲ့ ရလဒ်ကို မှတ်တမ်းပြုလုပ်ပြီး နောက်ဆက်တွဲ စစ်ဆေးတာတွေကိုတော့ ဌာနအနေနဲ့ လုပ်ဆောင်သွားမယ်လို့ အစားအသောက်ဌာနရဲ့ ညွှန်ကြားရေးမှူး ဒေါက်တာထွန်းဇော်က ပြောပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013