DVB Logo
Home
မြန်မာသတင်း
ပြည်သူများ၏တိုင်စာကြောင့် မွန်ဝန်ကြီးချုပ်ကို ရာထူးမှ ထုတ်ပယ်ဟု ဦးဝင်ထိန်ပြော (ရုပ်သံ)
DVB
·
February 20, 2017
ပြည်သူများ၏တိုင်စာကြောင့် မွန်ဝန်ကြီးချုပ်ကို ရာထူးမှ ထုတ်ပယ်ဟု ဦးဝင်ထိန်ပြော (ရုပ်သံ)
Donate to DVB

 

မွန်ပြည်နယ် ဝန်ကြီးချုပ်ကို ပြည်သူတွေရဲ့ တိုင်ကြားစာတွေနဲ့ Complain တက်မှုတွေကြောင့် စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့ပြီး အခုလို ရာထူးမှ ထုတ်ပယ်လိုက်တာ ဖြစ်တယ်လို့ ဦးဝင်းထိန်က ပြောပါတယ်။

“သူ့အနေအထားက တိုင်စာတွေ တက်တယ်။ Complain တွေ တက်တယ်။ အဲဒီလို တက်တဲ့အခါမှာ ပါတီအနေနဲ့ ဦးဉာဏ်ဝင်း ခေါင်းဆောင်တဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့တယ်။ မျှမျှတတ စစ်ဆေးတယ်။ အဲဒီကနေ ရတဲ့ဟာကို ကျနော်တို့ဆီ တင်ပြတဲ့အခါမှာ အစိုးရအဖွဲ့ကို အကြောင်းကြားတဲ့အခါမှာ (အကြောင်းကြားတာတော့ ကြာခဲ့ပါပြီ) သို့သော်လည်း အခုမှ အရေးယူတာပေါ့” လို့ ဖေဖော်ဝါရီလ ၂၀ ရက်နေ့က ဦးဝင်းထိန်က ပြောပါတယ်။

ဦးမင်းမင်းဦးဟာ ဝန်ကြီးချုပ်ရာထူးကနေ နုတ်ထွက်ပေးရပေမယ့် လွှတ်တော်ကိုယ်စားလှယ် ဘဝကနေတော့ ယုတ်လျော့သွားမှာ မဟုတ်ဘူးလို့လည်း ပြောဆိုခဲ့ပြီး နောက်ပိုင်းမှာလည်း အခြေအနေ အချိန်အခါပေါ် မူတည်ပြီး ပြည်သူလူထု တင်ပြလာမှုအပေါ်မှာ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ပြီး အရေးယူမှုတွေ ရှိကောင်းရှိနိုင်လိမ့်မယ်လို့လည်း ပြောဆိုခဲ့ပါသေးတယ်။

“တော်တာက သူ ဒီရာထူးနဲ့ ပတ်သက်လို့ ဆွေးနွေးပြောတဲ့ဟာကို သူသဘောနဲ့သူ သိက္ခာရှိရှိ ထွက်သွားတယ်။ သတ္တိရှိရှိ ထွက်သွားတယ်။ အဲလို ထွက်တဲ့အခါမှာ ဘယ်သူမှ မပုတ်ခတ်ဘူး။ ဘယ်သူမှ အပြစ်မတင်တဲ့အခါမှာ အဲဒီလူဟာ ချီးကျူးစရာ အရမ်းကောင်းတယ်။ ဒါ ကျနော်တို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဒေါ်အောင်ဆန်းစုကြည် အမြဲတန်းဖိုးထားတဲ့ စိတ်ဓာတ်ပဲ” လို့ ဦးဝင်းထိန်က ပြောပါတယ်။

ဦးမင်းမင်းဦးဟာ သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာဖြစ်တဲ့ Min Min Oo အကောင့်မှာ “နုတ်ထွက်ပါပြီ။ အားလုံးကို ကျေးဇူးတင်ပါတယ်။ ဖြစ်တည်မှု အားလုံးဟာ ပျက်စီးဖို့ရာ ဓမ္မတာပါပဲ။ မင်းမင်းဦး - ဝန်ကြီးချုပ်၊ မွန်ပြည်နယ်” ဆိုပြီး ဖေဖော်ဝါရီလ ၁၈ ရက်နေ့က ရေးသားဖော်ပြခဲ့ပါတယ်။

လက်ရှိမှာတော့ မွန်ပြည်နယ် ဝန်ကြီးချုပ်အဖြစ် အသစ်ခန့်အပ်သည်အထိ တာဝန်ယူ ဆောင်ရွက်သွားဦးမှာ ဖြစ်ပါတယ်။

မွန်ပြည်နယ် ဝန်ကြီးချုပ်အသစ်ကိုတော့ ဒေါက်တာအေးဇံကို ထောက်ခံထားတယ်လို့လည်း ဦးဝင်းထိန်က ပြောပါတယ်။

ဒေါက်တာအေးဇံဟာ ကျိုက်ထိုမြို့နယ် မဲဆန္ဒနယ်အမှတ် ၂ ကနေ ရွေးကောက်ခံထားရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013