DVB Logo
Home
မြန်မာသတင်း
ရန်ကုန်မန္တလေးလမ်းတွင် ဆိုင်ကယ်မတော်တဆဖြစ်၊ ၁ ဦးသေ
DVB
·
February 19, 2017
ရန်ကုန်မန္တလေးလမ်းတွင် ဆိုင်ကယ်မတော်တဆဖြစ်၊ ၁ ဦးသေ
Donate to DVB

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၊ လျှော်ပင်ကျေးရွာ မိုင်တိုင် ၃၅၄/၄ နဲ့ ၃၅၄/၅ အကြား ဖေဖော်ဝါရီ ၁၈ ည ၁ နာရီမှာ ဆိုင်ကယ်စလစ်ဖြစ်ပြီး လဲကျလို့ ၁ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာ ရရှိခဲ့ပါတယ်။

“ရန်ကုန်မန္တလေး ၂ လမ်းသွားလမ်းခွဲနားမှာ လမ်းကမပြီးသေးတော့ ကျောက်စရစ်ခဲတွေ လမ်းပေါ်မှာ ပြန့်ကျဲနေတယ်။ ဆိုင်ကယ်က အရှိန်များတော့ စလစ်ဖြစ်တာကို မထိန်းနိုင်ဘဲလဲကျသွားတာ။” လို့ နေလစက်သုံးဆီဆိုင် အရောင်းဝန်ထမ်းက ပြောပါတယ်။

ဒုရဲအုပ်ကြည်မင်းနိုင်က “ညဥ့်နက်နေပြီ လမ်းပေါ်မှာ အသွားအလာရှင်းနေတော့ အရှိန်တင် မောင်းလာတာထင်တယ်။ စလစ်ဖြစ်ပြီးလဲကျတော့ လှိုင်ထွန်း ဦးခေါင်းညာဘက်ဘေး၊ ညာဘက်ဒူးတွေ ပေါက်ပြဲဒဏ်ရာရတယ်။ ကျော်ဇင်လင်းလည်း ခေါင်းညာဘက်ဘေး၊ ညာဘက်ပုခုံးနဲ့ ဒူးတွေဒဏ်ရာရတယ်။ နှစ်ယောက်လုံးဝမ်းတွင်း ဆေးရုံပို့ခဲ့တယ်၊ ကျော်ဇင်လင်းကမသက်သာလို့ မန္တလေးဆေးရုံပြောင်း ကုတာမှာ သေဆုံးသွားတယ်” လို့ ပြောပါတယ်။

ဝမ်းတွင်းမြို့မရဲစခန်းအမှု အမှတ်ယာဉ် (ပ)၆/၂၀၁၇ နဲ့ လှိုင်ထွန်းကို ယာဉ်မဆင်မခြင် မောင်းနှင်လို့ လူသေဆုံးတဲ့ ပြစ်မှု ပုဒ်မ ၃၀၄(က)နဲ့ ထိခိုက်ဒဏ်ရာရစေတဲ့ ပြစ်မှု ပုဒ်မ ၃၃၈ တို့နဲ့ ဖမ်းဆီးအမှုဖွင့် ဆောင်ရွက်နေပါတယ်။

သတင်း၊ ဓာတ်ပုံ- မောင်မောင်လင်းဝမ်းတွင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013